19မိနစ် 55စက္ကန့်

Radio TOMO

NHK WORLD-JAPAN သုတဝေဖြာနားဆင်ပါ

ထုတ်လွှင့်သည့်ရက် နိုဝင်ဘာလ 15, 2020 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် နိုဝင်ဘာလ 15, 2021

ဒီတစ်ပတ်မှာတော့ “လူငယ်အိပ်မက်အစီအစဉ်”ကို နားဆင်ကြရမှာပါ။ “THREEs Library” ဆိုတဲ့ page နဲ့ အွန်လိုင်းပေါ်မှာ ဂျပန်နိုင်ငံနဲ့ ပတ်သက်ပြီး ဗဟုသုတတွေ မျှဝေပေးနေတဲ့ ညီမလေး ၃ယောက်ထဲက နေပြီးတော့ မသဲနုအေး အကြောင်းကို အခုတစ်ပတ်မှာ မိတ်ဆက်ပေးမှာပါ။ မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံကို ရောက်လာပြီး ပညာသင်၊ နောက် လုပ်ငန်းခွင်မှာ အလုပ်လုပ်နေရင်းနဲ့ လေ့လာထားသမျှတွေကို မျှဝေပေးနိုင်တဲ့အဆင့်အထိ ရောက်လာအောင်ကြိုးစားခဲ့တဲ့ အကြောင်းတွေကို ပြောပြပေးသွားမှာပါ။ နားဆင်ကြည့်ပါနော်။

photo
ဂျပန်မှာ ကျောင်းပြီးသွားပြီးနောက် ဂျပန်ကုမ္ပဏီမှာ အလုပ်ခွင်ဝင်ရောက်နေတဲ့ မသဲနုအေး

အစီအစဉ်မိတ်ဆက်