
Radio TOMO
NHK WORLD-JAPAN သုတဝေဖြာနားဆင်ပါ
19မိနစ် 55စက္ကန့်
ထုတ်လွှင့်သည့်ရက် နိုဝင်ဘာလ 8, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် နိုဝင်ဘာလ 8, 2021
ဂျပန်မြန်မာချစ်ကြည်ရေးအထိမ်းအမှတ်လည်း ဖြစ်တဲ့ Kita Kyushuကျွန်းက "Moji ကမ္ဘာအေးဘုရားမှာ အောက်တိုဘာလ (၃၁) ရက်နေ့မှာကျင်းပတဲ့ သီတင်းကျွတ်ပွဲတော်" အကြောင်း နားဆင်ကြရမှာပါ။ ဆီမီး ၁၀၀၀၊ ပန်း၁၀၀၀၊ ရေတော် ၁၀၀၀နဲ့ အမွှေးနံ့သာ ၁၀၀၀ကို မြန်မာလူမျိုးတွေနဲ့ ဂျပန်လူမျိုးတွေ အတူတူ ပူဇော် ကြရင်း၊ နိဗ္ဗာန်စျေးမှာလည်း မြန်မာမုန့်မျိုးစုံကို လှူဒါန်းကြတဲ့ ဂျပန်က မြန်မာ့ရိုးရာသီတင်းကျွတ်ပွဲတော်ကို ကိုဗစ်ကာလမှာ သိုက်သိုက်မြိုက်မြိုက် ဘယ်လိုကျင်းပသွားကြလဲ။ ဦးစီးဦးဆောင်ကျင်းပတဲ့ ဆရာတော်ရဲ့စကားသံနဲ့အတူ ပွဲတော်လာ ဂျပန်၊မြန်မာများရဲ့ ရင်တွင်း ခံစားချက်တွေကို နားဆင်ကြရမှာပါ။



