audio
Radio TOMO
NHK WORLD-JAPAN သုတဝေဖြာနားဆင်ပါ
19မိနစ် 55စက္ကန့်

ထုတ်လွှင့်သည့်ရက် စက်တင်ဘာလ 6, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် စက်တင်ဘာလ 6, 2021

မိုရိဆာကီဝင်းနဲ့ Radio TOMO မှာ ဒီတစ်ကြိမ် တွေ့ဆုံကြပါမယ်။ ကိုရိုနာဗိုင်းရပ်စ် ဖြစ်နေတဲ့ အချိန်မှာ ဂျပန်-မြန်မာ ပရိသတ်တွေနဲ့ တွေ့ဆုံခွင့် မရတဲ့ အဝင်းတစ်ယောက် ကိုဗစ်ကာလအတွင်းမှာ ဘယ်လိုမျိုး နေထိုင်နေပါသလဲ။ မိုရိဆာကီဝင်းရဲ့ တစ်ကိုယ်တော် သီဆိုထားတဲ့ PARADE သီချင်းခွေအသစ် အကြောင်း၊ ဂျပန်သရဲမလေးနဲ့ အတူတူနေတဲ့ မြန်မာ ကျောင်းသားလေးတစ်ယောက်ရဲ့ ဂျပန်ရုပ်မြင်သံကြားဇာတ်လမ်း "Kanojo ga Joubutsu dekinai Riyu" "သူမ မကျွတ်မလွတ်ရခြင်းအကြောင်း" ပြောပြထားတဲ့ အဝင်းရဲ့ စကားသံတွေကို နားဆင်ကြရမှာပါ။ စောင့်မျှော်အားပေးကြပါနော်။

photo မိုရိဆာကီဝင်း