
Radio TOMO
NHK WORLD-JAPAN သုတဝေဖြာနားဆင်ပါ
19မိနစ် 54စက္ကန့်
ထုတ်လွှင့်သည့်ရက် ဇူလိုင်လ 19, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဇူလိုင်လ 19, 2021
ဂျပန်နိုင်ငံ ခိတာ့ ကျူးရှူးမှာရှိတဲ့ မိုဂျိကမ္ဘာအေး စေတီကို ဂျပန်နိုင်ငံရဲ့ ပထမဆုံး ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်လိုက်ပါတယ်။ အဲဒီစေတီမှာ သီတင်းသုံးနေတဲ့ ဘုန်းဘုန်း ဦးပဏ္ဍိတရဲ့ ပီတိစကားသံတွေကို နားဆင်ရပါမယ်။ ဒါ့အပြင် ကိုဗစ်ကာလအတွင်းမှာ ပညာရပ်တစ်ခုခုကို လေ့လာချင်သူတွေအတွက် အထောက်အကူဖြစ်စေမယ့် အကြောင်းအရာတွေကို မိတ်ဆက်ပေးချင်ပါတယ်။ ဗဟုသုတွေကို မျှဝေပေးသူကတော့ အမေရိကန်နိုင်ငံ နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ အလုပ်လုပ်နေတဲ့ ရည်မွန်ပါ။ ရည်မွန်က NHK မြန်မာဘာသာဌာနမှာ အစီအစဉ်တင်ဆက်သူ အဖြစ် လုပ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ အခု ကိုဗစ် ကာလအတွင်း ရည်မွန်ရဲ့ လှုပ်ရှားမှုတွေမကေခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။ အားပေးနားဆင်ပါဦးနော်။


