audio
Radio TOMO
NHK WORLD-JAPAN သုတဝေဖြာနားဆင်ပါ
19မိနစ် 56စက္ကန့်

ထုတ်လွှင့်သည့်ရက် ဇွန်လ 28, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဇွန်လ 28, 2021

ကိုဗစ်19 ကြောင့် အိမ်မှာ နေချိန်များတဲ့ သောတရှင်တွေအတွက် ဂျပန်စာ ဂျပန်စကား ကဏ္ဍ ကို တင်ဆက်ပေးချင်ပါတယ်။ ဒီတစ်ပတ်အစီအစဉ်အတွက် ကျိုတို နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ဂျပန်ဘာသာစကားသင်ကြားရေးကို အဓိကယူပြီး Master တန်းတက်နေတဲ့ ဆရာမ ဖူးငုံသဲ က တာဝန်ယူပေးထားပါတယ်။ Phoo Sensei ဆိုတဲ့ နာမည်နဲ့ ဆိုရှယ်မီဒီယာမှာ ဂျပန်စာတွေကို အခမဲ့ သင်ကြားပေးနေသူ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်အစီအစဉ်မှာ နေ့စဉ်ဘဝမှာ အသုံးဝင်တဲ့ ဂျပန်စကားလုံးတွေကို ဆရာမက သင်ကြားပေးမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဂျပန်စာဂျပန်စကား ကဏ္ဍမှာ မေသန်းနဲ့အတူတူ ဂျပန်စာ သင်ကြရအောင်နော်။

photo ဆိုရှယ်မီဒီယာမှာ ဂျပန်စာသင်ကြားနေတဲ့ Phoo Sensei photo Teams application နဲ့ အွန်လိုင်းမှ ဂျပန်စကားသင်ကြားစဉ် မေသန်း(ဝဲ)၊ Phoo Sensei (ယာ)