audio
Radio TOMO
NHK WORLD-JAPAN သုတဝေဖြာနားဆင်ပါ
19မိနစ် 55စက္ကန့်

ထုတ်လွှင့်သည့်ရက် ဇွန်လ 7, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် ဇွန်လ 7, 2021

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ် ကူးစက် ပြန့်ပွားမှုတွေ ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ ဂျပန်နိုင်ငံက စိုင်းတမမြို့၊ အိချိခါဝါ မြို့နဲ့ အိုစာကာမြို့တွေမှာ နေထိုင်နေကြတဲ့ ကျောင်းတက်နေသူတွေ၊ အလုပ်လုပ်နေသူတွေရဲ့ အနေအထားတွေ ဘယ်လိုရှိသလဲ၊ ရောဂါပိုး မကူးစက်အောင် ဘယ်လို နေထိုင်နေလဲ ဆိုတာတွေကို ဆက်သွယ် မေးမြန်းထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ mask ပြိုင်ပွဲမှာ ဂျပန်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူတွေရဲ့အတွေ့အကြုံတွေကိုလည်း ကြားသိရမှာပါ။ စောင့်မျှော်အားပေးပါဦးရှင်။

photo ပြိုင်ပွဲဝင် mask နဲ့ မသိမ့်ဟန်စုကျော် photo သွားဘက်ဆိုင်ရာ သုတေသနပြုနေသူ မစံစံမေဖြိုးအောင် photo လုပ်ငန်းခွင်တစ်နေရာမှ မဝေမာကျော်