
Radio TOMO
NHK WORLD-JAPAN သုတဝေဖြာနားဆင်ပါ
19မိနစ် 55စက္ကန့်
ထုတ်လွှင့်သည့်ရက် မေလ 31, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မေလ 31, 2021
ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ် ကူးစက် ပြန့်ပွားနေတာကြောင့် ဂျပန် အစိုးရက ခရိုင်တချို့မှာ အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။ ဒီလို အခြေအနေမှာ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ လက်ရှိ အနေအထားတွေ၊ အခက်အခဲတွေနဲ့ ရောဂါပိုး မကူးစက်အောင်၊ စိတ်ဓာတ် မကျအောင် ဘယ်လို ဂရုစိုက်နေကြသလဲ ဆိုတာတွေကို မေးမြန်းထားပါတယ်။ ဒါ့အပြင် ခိတကျူးရှူးမြို့မှာရှိတဲ့ မိုဂျိကမ္ဘာအေးစေတီတော်မှာ သာသနာ့ တာဝန်တွေကို ထမ်းဆောင်နေတဲ့ ဘုန်းဘုန်း ဦးပဏ္ဍိတ က မြန်မာ့အားမာန် စေတနာ့ဝန်ထမ်း အဖွဲ့ ကို ဦးစီးဆောင်ရွက်နေပါတယ်။ ဆက်သွယ် မေးမြန်းထားတာတွေကို အားပေး နားဆင်ပါဦးနော်။


