audio
သုတဝေဖြာနားဆင်ပါ အစီအစဥ်
NHK WORLD-JAPAN သုတဝေဖြာနားဆင်ပါ
19မိနစ် 56စက္ကန့်

ထုတ်လွှင့်သည့်ရက် မတ်လ 15, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 15, 2021

အခုတစ်ပတ်မှာတော့ ဂျပန်နိုင်ငံမှာ မြန်မာတိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ တိုကျိုမြို့၊ ရှင်ဂျူးကု မြို့နယ်မှာရှိတဲ့ တာကာဒါ နိုဘာဘာက မြန်မာရွာအကြောင်း မိတ်ဆက်ပေးပါမယ်။ "Little Yangon" လို့လည်း ခေါ်ကြပါတယ်။ တခြားခရိုင်တွေ၊ မြို့နယ်တွေမှာလည်း မြန်မာတိုင်းရင်းသားတွေ ရှိပေမယ့် တာကာဒါနိုဘာဘာမှာကတော့ အများဆုံး ဖြစ်ပါတယ်။ အဲဒီမှာ မြန်မာ အစားအစာ၊ ရှမ်းအစားအစာတွေ ရောင်းချတဲ့ ဆိုင်တွေ၊ ကုန်စုံဆိုင်တွေ အများကြီး ရှိတာကြောင့် တခြားခရိုင်မှာ နေထိုင်ကြတဲ့ မြန်မာလူမျိုးတွေက တာကာဒါနိုဘာဘာကို လာပြီး ဈေးဝယ်ကြပါတယ်။ ဈေးလာဝယ်ကြတဲ့ မြန်မာတိုင်းရင်းသားတွေကို မေးမြန်းထားတာတွေ နားဆင်ကြရမှာပါ။  ဒါ့အပြင် အလှူ၊ မင်္ဂလာဧည့်ခံပွဲတွေအတွက် မှတ်တမ်းတင်ဖို့အတွက် မြန်မာလူမျိုး ဓာတ်ပုံဆိုင်လည်း ရှိပါတယ်။ ဂျပန်က မြန်မာအသိုင်းအဝိုင်းအကြောင်းကို တင်ဆက်ထားပါတယ်။ စောင့်မျှော် နားဆင်ပါနော်။

photo တာကာဒါနိုဘာဘာမှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ မဝါ (ဝဲ) နဲ့ မေသန်း (ညာ) photo မြန်မာ စားသောက်ဆိုင်မှာ လာစားကြတဲ့ ဂျပန်မှာ အလုပ် လာလုပ်ကြသူများအား မေးမြန်းစဉ် photo ရှမ်းရိုးရာအစားအစာတွေ ရောင်းချတဲ့ဆိုင်က စိုင်းဆိုင်မုဒ် အား မေးမြန်းစဉ် photo ဂျပန်မှာ လက်ထပ်ကြတဲ့ မြန်မာလူမျိုး မင်္ဂလာဇနီးမောင်နှံရဲ့ အလှဓာတ်ပုံ ရိုက်ကွင်း