13မိနစ် 37စက္ကန့်

လှည်းဘီးဒီဇိုင်း ရွှေရေး ကနုကမာ တန်ဆာဆင် ယွန်းထည်ဘူး Tebako

ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်

ထုတ်လွှင့်သည့်ရက် မတ်လ 26, 2020 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

၁၂ ရာစုမှာ ပြုလုပ်ခဲ့တဲ့ ယွန်းထည်ဘူးကို မိတ်ဆက်ပေးပါမယ်။ ပြေပြစ်တဲ့ ပုံသဏ္ဍာန်နဲ့ ‌ရွှေမှုန်တွေ၊ ကနုကမာတွေ တန်ဆာဆင်ထားတဲ့ လှည်းဘီးတွေရဲ့ ဒီဇိုင်းဖော်ထားပုံက ဆွဲဆောင်မှု ရှိလှပါတယ်။ မာကိ-အဲ (Maki-e) လို့ခေါ်တဲ့ ရွှေရေးနည်းပညာ တိုးတက်ထွန်းကားခဲ့ရာ ဟေးအန်းခေတ်ကို ကိုယ်စားပြုတဲ့ လက်ရာ တစ်ခု ဖြစ်ပါတယ်။

photo
မာကိ-အဲ ယွန်းထည်နဲ့ ကနုကမာတို့ကိုသုံးပြီး လုပ်ထားတဲ့ လှည်းဘီးဒီဇိုင်း ရွှေရေး ကနုကမာ တန်ဆာဆင် ယွန်းထည်ဘူး
photo
အဖုံး
photo
အဖုံးရဲ့ အတွင်းမျက်နှာပြင်

အစီအစဉ်မိတ်ဆက်