
13မိနစ် 32စက္ကန့်
ကြီးမားတဲ့ အုတ်ကြွပ်အမိုးကို မိုးထားပြီး လက်ဝဲလက်ယာ နှစ်ဘက်အစွန်းမှာ ကင်းစောင့်တဲ့အခန်းတွေ ပါတဲ့ ခမ်းနားထည်ဝါတဲ့ အဲဒီ သစ်သားအဆောက်အအုံဟာ နယ်စား Ikeda မျိုးနွယ်က အဲဒိုး (အခုခေတ် တိုကျို)မှာ တည်ဆောက်ခဲ့တဲ့ အိမ်ဂေဟာရဲ့ ဂိတ်တံခါးပေါက်က အဆင့်မြင့်တဲ့ နယ်စားတွေကိုပဲ သုံးခွင့်ပြုထားတဲ့ အဆင်တန်ဆာတွေနဲ့ ပမာဏတွေကို ပြသနေပါတယ်။ အိမ်ဂေဟာ အဖျက်ခံရတဲ့ နောက်မှာလည်း ဂိတ်တံခါးကတော့ အခုခေတ်အထိ ကြွင်းကျန်လို့ နေပါတယ်။
