audio
မီးလျှံ - Uemura Shoen ရဲ့ အနုပညာလက်ရာ
ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်
13မိနစ် 49စက္ကန့်

ထုတ်လွှင့်သည့်ရက် အောက်တိုဘာလ 11, 2018
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

နောက်ခံအရောင် ခပ်ဖျော့ဖျော့မှာ အဖြူရောင်ကီမိုနို လွှမ်းခြုံထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ ပုံရိပ်က ကြွကြွရွရွလေး ဖြစ်နေပါတယ်။ ချောမောလှပသူတစ်ဦးဖြစ်ပေမဲ့လည်း သူရဲ့မျက်လုံးတွေက အသက်မဲ့နေသလိုပါပဲ။ ကျောချမ်းနေသလိုလို တစ်ခုခု ကြောက်ရွံ့နေတာ ရှိနေပါတယ်။ ဒီပန်းချီကားကို ပန်းချီဆရာမ Uemura Shoen က ၁၉၁၈ခုနှစ်မှာ ရေးဆွဲခဲ့တာဖြစ်ပြီး မီးလျှံလို့ အဓိပ္ပါယ်ရတဲ့ (Honoo) ဆိုပြီး နာမည်ပေးထားပါတယ်။ ဒီပန်းချီကားက ကြည်လင်တောက်ပတဲ့ အရောင်စပ်ဟပ်မှုနဲ့ သွယ်ပျောင်းလှပတဲ့ မိန်းမချောလေးရဲ့ ပုံကိုရေးဆွဲလေ့ရှိတဲ့ Uemura Shoen ရဲ့ တမူထူးခြားတဲ့ လက်ရာတစ်ချပ်ပါ။

photo