audio
ကြေးဝါပြားလေးပေါ်က စိပ်ပုတီးနဲ့ မယ်တော်မေရီရဲ့ ပုံတော်
ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်
13မိနစ် 20စက္ကန့်

ထုတ်လွှင့်သည့်ရက် ဧပြီလ 12, 2018
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

မျက်နှာပြင်ပေါ်မှာ ပန်းချီပုံကို ထုထွင်းရေးဆွဲထားတဲ့ Fumi-e လို့ ခေါ်တဲ့ ကြေးဝါပြားလေးကို ၁၇ရာစုခေတ်က ခရစ်ယာန်ဘာသာဝင်တွေကို ရှာဖွေဖို့ သုံးစွဲခဲ့တာဖြစ်ပါတယ်။ မယ်တော်မေရီရဲ့ ပုံတော်ရေးဆွဲထားတဲ့ ကြေးဝါပြားလေးကိုဘာသာရေးအတွက်အသုံးပြုတာမျိုးမဖြစ်စေဖို့ အုပ်ချုပ်ရေး ရုံးတွေမှာ တင်းတင်းကြပ်ကြပ် သိမ်းဆည်းထားခဲ့ပါတယ်။ Fumi-e လို့ခေါ်တဲ့ ဒီကြေးဝါပြားလေးကို ဘယ်လိုများ အသုံးပြုခဲ့ကြပါလိမ့်။ အဲဒီခေတ်ရဲ့ လူမှုရေးအခြေအနေ၊ စားဝတ်နေထိုင်ပုံတွေ၊ ဘာသာရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကနေ အဖြေရှာကြည့်ကြရအောင်ပါ။

photo စိပ်ပုတီးနဲ့ မယ်တော်မေရီရဲ့ ပုံတော်ပန်းချီ ရေးဆွဲထားတဲ့ Fumi-e လို့ခေါ်တဲ့ ကြေးဝါပြားလေး