audio
ရောင်စုံ ပန်းနဲ့ငှက်ပုံပါ ပန်းကန်လုံးကြီး (Iroe kachoumon o-fukabachi)
ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်
13မိနစ် 44စက္ကန့်

ထုတ်လွှင့်သည့်ရက် ဖေဖေါ်ဝါရီလ 6, 2018
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

အဖြူရောင်အောက်ခံမှာ ကြည်လင်တောက်ပတဲ့ အရောင်စုံ ပန်းနဲ့ငှက်တွေကို ရေးဆွဲထားတဲ့ ပန်းကန်လုံးခပ်ကြီးကြီး တစ်လုံးပါ။ ၁၇ရာစုကနေ ၁၈ရာစုအထိအတွင်း ကမ္ဘာတစ်လွှားကို တင်ပို့ခဲ့ပြီး ၊ တင်ပို့ခဲ့တဲ့ဆိပ်ကိမ်းရဲ့ အမည်ကို အစွဲပြုပြီး "အိမာရီ"လို့ ခေါ်ကြတဲ့ ကြွေထည်တွေထဲက "ခါခိအဲမွန်းပုံစံ" လက်ရာကောင်းတစ်ခု ဖြစ်ပါတယ်။ ဂျပန်မှာ ကြွေထည်ထုတ်လုပ်မှုဟာ စစ်သူကြီး တိုယိုတိုမီ ဟီဒဲယောရှိက ကိုရီးယားကို စစ်သားတွေစေလွှတ်ခဲ့တဲ့နောက် သူတို့က ဂျပန်ကို ပြန်ခေါ်လာတဲ့ ကိုရီးယားလူမျိုး ကြွေထည်မြေထည်ပညာသည်က ကျူးရှုးကျွန်းမှာ ကုန်ကြမ်းဖြစ်တဲ့ ကျောက်တုံးကိုတွေ့ခဲ့တာက အစပြုပါတယ်။ အဲဒီနောက် တရုတ်ပြည်မှာ မင်းပြောင်းမင်းလွဲကာလ သူပုန်ထမှုဖြစ်ခဲ့တာက မွေးဖွားကာစ ဂျပန့်ကြွေထည်အပေါ် အကြီးအကျယ် ဂယက်ရိုက်ခဲ့ပါတယ်။ ဂျပန်ကို ထွက်ပြေးလာတဲ့ တရုတ် ကြွေထည်မြေထည်ပညာသည်ဆီကနေ ကြွေထည်မှာ ရောင်စုံဆေးခြယ်တဲ့နည်းကို ရလိုက်ပါတယ်။ အဲဒီနောက် သူပုန်ထမှုကြောင့် တရုတ်ကနေ ကြွေထည်တင်ပို့မှုတွေ ရပ်သွားခဲ့တဲ့အခါ အဲဒီအချိန်က အာရှနဲ့ကုန်သွယ်ရေးကို လက်ဝါးကြီးအုပ်ထားတဲ့ ဒတ်ခ်ျတွေက ဂျပန်ကြွေထည်ကို ကမ္ဘာကိုတင်ပို့ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ လှပတင့်တယ်တဲ့ ဒီပန်းကန်လုံးဟာ ကမ္ဘာ့သမိုင်းရဲ့ ကြီးမားတဲ့အပြောင်းအလဲထဲမှာ မွေးဖွားလာခဲ့တာပဲ ဖြစ်ပါတယ်။

photo