13မိနစ် 48စက္ကန့်

Kano Eitoku ရဲ့ ဟိနို့ခီ ထင်းရှုးပင် ပန်းချီလက်ရာ (Hinokizu byobu)

ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်

ထုတ်လွှင့်သည့်ရက် နိုဝင်ဘာလ 9, 2017 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

အမြင့် ၁၇၀စင်တီမီတာ၊ အလျား ၄၆၀စင်တီမီတာရှိတဲ့ မျက်နှာပြင်တစ်ခုလုံး အပြည့် ရေးဆွဲထားတဲ့ ဟိနို့ခီလို့ အမည်ရတဲ့ ဂျပန်ထင်းရှူးပင် ပန်းချီပုံပါ။ နောက်ခံနေရာ အားလုံး လိုလိုမှာ ရွှေဆိုင်းတွေ ကပ်ထားပြီး တွန့်လိမ်ကွေးကောက်နေတဲ့ သစ်ပင်ကြီးရဲ့ အသွင်ကို ဖောင်းကြွအသက်ဝင်စေပါတယ်။ ဒီလက်ရာကို ရေးဆွဲခဲ့တဲ့ ၁၆ရာစု အနှောင်းပိုင်းက ဂျပန်မှာ အချိန်အကြာကြီး စစ်ပွဲတွေဖြစ်နေခဲ့တဲ့ ကြားကနေ တစ်နိုင်ငံလုံးကို စုစည်းအုပ်ချုပ်ဖို့ ရည်ရွယ်ခဲ့ကြတဲ့ အုပ်ချုပ်သူတွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်ခဲ့ပါတယ်။ အဲဒီ အုပ်ချုပ်သူတွေက နှစ်သက်သဘောကျခဲ့တဲ့ ပန်းချီဆရာကတော့ ဒီလက်ရာကို ရေးဆွဲခဲ့တဲ့ Kano Eitoku ပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက လာတဲ့ မင်ဆေးပန်းချီနဲ့ ဂျပန်ရိုးရာ ဆေးရောင်စုံပန်းချီတွေကို ပေါင်းစပ်ခဲ့တဲ့ အဖိုးဖြစ်သူရဲ့ နည်းကို အမွေဆက်ခံရင်း စာမူရိုင်းစစ်သူကြီးတွေ နှစ်သက်တဲ့ အားမာန်အပြည့်ပါပြီး ခန့်ညားလှပတဲ့ ပန်းချီတွေနဲ့ သရုပ်ဖော်ထားတဲ့ ကမ္ဘာလောကကို ဖန်တီးခဲ့ပါတယ်။ ဒီလက်ရာဟာ မင်းမျိုးမင်းနွယ်တစ်ယောက်ရဲ့ အိမ်မှာ ဆင်ယင်ဖို့ လျှောတံခါးမှာ ဆွဲတဲ့ပန်းချီအဖြစ် ဖန်တီးခဲ့ပြီး နောက်ပိုင်းမှာ ခေါက်တံခါးအဖြစ် ပြုပြင်ယူခဲ့ပါတယ်။ စစ်ပွဲတွေကြောင့် Eitoku ရဲ့ လက်ရာအများအပြား ဆုံးရှုံးခဲ့ရပြီး ဒီလက်ရာဟာ အားမာန်အပြည့်နဲ့ လှုပ်ရှားအသက်ဝင်နေတဲ့ သူ့ရဲ့ အနုပညာကို ပြန်လည် တွေးတော ခံစားစရာ ဖြစ်လို့နေပါတယ်။

photo

အစီအစဉ်မိတ်ဆက်