audio
နတ်နဂါးပုံနဲ့ ကြေးသားမှန် (Daryukyo)
ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်
13မိနစ် 08စက္ကန့်

ထုတ်လွှင့်သည့်ရက် အောက်တိုဘာလ 12, 2017
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

အခုတစ်ကြိမ် မိတ်ဆက်မှာကတော့ ၄ရာစုက ပြုလုပ်ခဲ့တဲ့ ကြေးညိုနဲ့ လုပ်ထားတဲ့ ကြည့်မှန်တစ်ချပ်ပါ။ လူတွေရဲ့ အသွင်ကို ထင်ဟပ်စေပြီး မီးမွှေးရာမှာလည်း သုံးနိုင်တာကြောင့် ရှေးခေတ်က လူတွေအတွက် အရမ်းကို ထူးခြားဆန်းပြားတဲ့ အရာဖြစ်ခဲ့ပါတယ်။ ဂျပန်ကျွန်းစုကို တရုတ်ကနေ မှန်တွေအများကြီး တင်သွင်းခဲ့ပြီး မှန်တွေဟာ ဩဇာအာဏာရဲ့ သင်္ကေတလည်းဖြစ်လာရာက အုပ်ချုပ်သူတွေရဲ့ သင်္ချိုင်းအုတ်ဂူတွေမှာ ထည့်သွင်းမြှုပ်နှံခဲ့ကြပါတယ်။ အခုတစ်ကြိမ် မှန်ဟာလည်း သင်္ချိုင်းကနေ တူးဖော်တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ဒီမှန်ကတော့ တရုတ်မှန်ကို နမူနာယူပြီး ဂျပန်ကျွန်းစုမှာ ပြုလုပ်ခဲ့တာပါ။ အချင်း ၄၄.၅စင်တီမီတာနဲ့ ကြီးမားတဲ့ အရွယ်အစားဟာ အရှေ့အာရှတစ်လွှားလုံးမှာတောင် ထိပ်တန်းစာရင်းဝင်ပြီး မြင့်မားတဲ့ သတ္တုပုံသွင်းနည်းပညာ ရှိတယ်ဆိုတာကို ပြသနေပါတယ်။ နမူနာယူခဲ့တဲ့ မူရင်းမှန်ရဲ့ ကျောဘက်မှာ တရုတ်လူမျိုးတွေ စိတ်ကူးပုံဖော်ကြတဲ့ နတ်ဘုရားတွေရဲ့ ကမ္ဘာလောကကို သရုပ်ဖော်ထားခဲ့ပေမဲ့ ဂျပန်ကျွန်းစုက လက်မှုပညာရှင်တွေဟာ ဒါကို နားမလည်ကြပဲ သူတို့ရဲ့ ကိုယ်ပိုင်ဒီဇိုင်းတွေ ပြောင်းလဲပုံဖော်ခဲ့ကြပါတယ်။ ရှေးခေတ် အရှေ့အာရှက ယဉ်ကျေးမှု ကူးလူးဆက်ဆံပုံတွေကို ပြောပြနေတဲ့ လက်ရာတစ်ခုပဲ ဖြစ်ပါတယ်။

photo