audio
ဟွန်းအာမီ ကိုးအဲဆု လက်ရာ "ဆိပ်ခံလှေတံတား ဒီဇိုင်း မာကိအဲ ယွန်း စာရေးကိရိယာဘူး" (Funabashi Maki-e Suzuribako)
ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်
13မိနစ် 54စက္ကန့်

ထုတ်လွှင့်သည့်ရက် ဇူလိုင်လ 13, 2017
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

"စူဇူလီဘတ်ကော"လို့ ခေါ်တဲ့ စာရေးကိရိယာထည့်တဲ့ဘူးကို အိမ်ခန်းထဲမှာ အလှပြဖို့အတွက်လည်း အသုံးပြုခဲ့ကြတာကြောင့် လက်မှုပစ္စည်းတစ်ခုအဖြစ် အဏုစိတ် တန်ဆာဆင်တာတွေနဲ့ ပြုလုပ်ခဲ့ကြပါတယ်။ ၁၇ရာစု အစောပိုင်းမှာ လုပ်ခဲ့တဲ့ ဒီ စာရေးကိရိယာဘူးဟာ တန်းစီထားတဲ့ လှေတွေပေါ်မှာ တံတားထိုးတဲ့ ဆိပ်ခံလှေတံတား ပုံကို အတော်ကို မို့မောက်နေတဲ့ အဖုံးပေါ်မှာ သရုပ်ဖော်ထားပါတယ်။ ဆန်းသစ်ရဲရင့်တဲ့ ဒီဇိုင်းအမြင်ဟာ အဲဒီအချိန်က ရိုးရာအဖြစ် ရှိနေခဲ့တဲ့ "မာကိအဲ"လို့ခေါ်တဲ့ ယွန်းပေါ်မှာ ရွှေငွေတန်ဆာဆင်တဲ့ နည်းမှာ တော်လှန်ပြောင်းလဲမှုတွေဖြစ်စေခဲ့ပါတယ်။ ပြုလုပ်သူ ဟွန်းအာမီ ကိုးအဲဆုဟာ များပြားလှတဲ့ လက်မှုပညာသည်တွေ၊ အနုပညာရှင်တွေနဲ့ ပူးတွဲဖန်တီးခြင်းကနေ ကျယ်ပြန့်တဲ့ နယ်ပယ်တွေမှာ ဖန်တီးမှု အမျိုးမျိုးကို လုပ်ဆောင်ခဲ့ပါတယ်။ ရှောဂွန်းစစ်သူကြီး တိုကုဂါဝ အီအဲယာစု ချီးမြှင့်ခဲ့တဲ့ ကျိုတိုမြို့ပြင်က မြေမှာ အဲဒီလိုလူတွေနဲ့ ရွာတည်ခဲ့တာကလည်း လူသိများပါတယ်။ သူ့ရဲ့ ဆွေမျိုးသားချင်းတွေထဲကနေ နောက်နှစ် ၁၀၀ကျော် အချိန်မှာ ပေါ်ထွက်ခဲ့တဲ့ "အိုးဂါ့တာ့ ကိုးလင်း"ဟာ ကိုးအဲဆုကို သူ့ရဲ့ ရည်မှန်းချက်ပန်းတိုင်အဖြစ်ထားပြီး ဂျပန်ရဲ့ အနုပညာရေစီးကြောင်းကို ပြောင်းလဲစေမယ့် လမ်းသစ်ကို ထွင်ခဲ့ပါတယ်။

photo