13မိနစ် 58စက္ကန့်

နတ်ပူဇော်ရာမှာသုံးတဲ့ ခေါက်ယပ်တောင် (Kamiougi)

ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်

ထုတ်လွှင့်သည့်ရက် မေလ 11, 2017 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

အခုတစ်ကြိမ် မိတ်ဆက်ပေးနေတဲ့အရာကတော့ ဖြန့်လိုက်ရင် ဗျက် ၁မီတာကျော်ရှိတဲ့ ခေါက်ယပ်တောင်ကြီးပါ။ မျက်နှာစာမှာ နေမင်းနဲ့ ဖီးနစ်ငှက်၊ ကျောဖက်မှာ လမင်းနဲ့ လိပ်ပြာတွေ၊ ပန်းတွေကို အရောင်အသွေးစုံ ရေးခြယ်ထားပါတယ်။ ဂျပန်တောင်ပိုင်းမှာ လေးကိုင်းသဖွယ် သွယ်တန်းနေတဲ့ ကျွန်းတွေမှာ တစ်ချိန်က လျူးကယူးလို့ အမည်ရတဲ့ ဘုရင်နိုင်ငံရှိခဲ့ပါတယ်။ (၁၉ရာစုမှာ ဂျပန်နိုင်ငံတွင်းကို သွပ်သွင်းခံရပြီး အခုခေတ်မှာ အိုကီနာဝါလို့ ခေါ်ကြပါတယ်။) ဒီယပ်တောင်ဟာ လျူးကယူး ဘုရင်ရဲ့ နန်းတွင်းအလုပ်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး နတ်ချော့တဲ့ တာဝန်ကိုယူခဲ့ကြတဲ့ အမျိုးသမီးတွေကို ပေးသနားခဲ့တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ လျူးကယူးမှာ အမျိုးသမီးတွေမှာ
ဝိညာဉ်ပိုင်းဆိုင်ရာ စွမ်းအားတွေရှိပြီး အမျိုးသားတွေကို စောင့်ရှောက်ပေးတယ်လို့ ယုံကြည်ကြပြီး နိုင်ငံကို အုပ်ချုပ်တဲ့ ဘုရင်ကိုလည်း မိဖုရားက စောင့်ရှောက်တယ်လို့ ယူဆကြပါတယ်။ အဲဒီလို မိဖုရားက ခေါင်းဆောင်နေရာမှာရှိပြီး ကျွန်းအလိုက်၊ ရွာအလိုက် နတ်နဲ့ပတ်သက်တဲ့ ဝေယျာဝစ္စတွေကို တာဝန်ယူတဲ့ အမျိုးသမီးတွေကို ရွေးချယ်ခန့်အပ်တဲ့အခါ ဒီလို ယပ်တောင်ကို ပေးအပ်ခဲ့ပါတယ်။ ရေးခြယ်ထားတဲ့ပုံတွေမှာ နေမင်းက ဘုရင်ကို၊ လမင်းက မိဖုရားကို ကိုယ်စားပြုပြီး နတ်ရဲ့ တန်ခိုးအင်အားကို ပေးတဲ့ အထွတ်အမြတ် ပစ္စည်းလို့ သတ်မှတ်ခဲ့ကြပါတယ်။

photo

အစီအစဉ်မိတ်ဆက်