audio
ဒိုးမာရု အမျိုးအစား ရောင်စုံဇာပန်းထိုး သံချပ်ကာ (ပုခုံးတွင် ကြိုးနီပါ) (Domaru)
ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်
13မိနစ် 33စက္ကန့်

ထုတ်လွှင့်သည့်ရက် မတ်လ 16, 2017
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

ဒိုးမာရုဆိုတာ ဂျပန့် သံချပ်ကာဝတ်စုံတွေထဲက ထင်ရှားတဲ့ ပုံစံတစ်မျိုးပါ။ ပုံမှန်ဆိုရင် ခြေလျင်တိုက်ခိုက်ရတဲ့ အောက်ခြေစစ်သည်တွေအတွက် ပြုလုပ်ထားတာဖြစ်ပေမဲ့ နောက်ပိုင်းမှာ စစ်သူကြီးတွေလည်း အသုံးပြုလာကြပါတယ်။ အခုတစ်ကြိမ် မိတ်ဆက်ပေးခဲ့တဲ့ ဒိုးမာရု သံချပ်ကာ ဝတ်စုံဟာ ၁၅ရာစုက ပစ္စည်းဖြစ်ပြီး ပိုင်ရှင်က ဂျပန်မြောက်ပိုင်း နယ်မြေကို အပိုင်စားတဲ့ စစ်သူကြီးတစ်ဦးဖြစ်တယ်လို့ ဆိုကြပါတယ်။ ဂျပန် သံချပ်ကာဝတ်စုံတွေဟာ သတ္တုပြား၊ သားရေပြားတွေကို ကြိုးနဲ့ ဆက်ပြီး လုပ်ထားတာဖြစ်ပေမဲ့ ကြိုးတွေကို မျက်နှာပြင်ပေါ်ကို ဖော်ထားတာက ဒီဇိုင်းရဲ့ အကြီးမားဆုံး ထူးခြားချက်ဖြစ်ပါတယ်။ အခုတစ်ကြိမ် မိတ်ဆက်ပေးတဲ့ ဒိုးမာရုဟာ အပြာနဲ့ အနီရောင် ကြိုးမျှင်တွေနဲ့ ကြစ်ထားတဲ့ ကြိုးကို အများစု အသုံးပြုထားပြီး ပုခုံးနဲ့ ရင်ဘတ်နေရာတွေမှာ အနီရောင်ကြိုးကိုပဲ သုံးထားတဲ့ အတော်ကို တောက်ပတဲ့ ပစ္စည်းဖြစ်ပါတယ်။ ဒါ့အပြင် အဏုစိတ် အလှဆင်ထားတဲ့ ရွှေရောင် အဆင်တန်ဆာတွေဟာလည်း ခန့်ညားထယ်ဝါမှုကို ပေါ်လွင်စေပါတယ်။ ဂျပန့် သံချပ်ကာဝတ်စုံတွေဟာ နယ်ပယ်အသီးသီးက လက်မှု ပညာရှင်တွေက စုဝေးပြီး ပြုလုပ်ထားတဲ့ အနုပညာပေါင်းစုံ စုဝေးနေတဲ့ လက်ရာတွေပဲ ဖြစ်ပါတယ်။

photo