13မိနစ် 34စက္ကန့်

အာဇဲခုရ (ပိဋကတ်တိုက်) (Azekura)

ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်

ထုတ်လွှင့်သည့်ရက် ဖေဖေါ်ဝါရီလ 9, 2017 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

တိုကျိုမြို့ အမျိုးသားပြတိုက်ရဲ့ ဝင်းထဲမှာ အလျား၊ အနံ မျက်နှာစာတစ်ဘက်ကို ၁.၈မီတာရှိတဲ့ အဆောက်အအုံ သေးသေးတစ်ခု ပြသထားပါတယ်။ မျက်နှာပြင်က တြိဂံပုံရှိတဲ့ သစ်သားတုံးတွေကို ဆင့်ပြီး တည်ဆောက်ထားတဲ့ ဒီ အဆောက်အအုံမျိုးကို "အာဇဲခူရ"လို့ ခေါ်ပြီး ၈ရာစုနောက်ပိုင်းမှာ အဖိုးတန် ပစ္စည်းတွေကို သိမ်းဆည်းတဲ့ ဂိုထောင်အဆောက်အအုံ ပုံစံ ဖြစ်လာခဲ့ပါတယ်။ ပြတိုက်မှာ ရှိတဲ့ အဆောက်အအုံကတော့ မူလက နာရာမြို့က ဘုန်းတော်ကြီးကျောင်းမှာ ရှိခဲ့ရာက ၁၉ရာစုအနှောင်းပိုင်းမှာ တည်ဆောက်ပြီးစ ပြတိုက်ကို ပြောင်းရွှေ့ယူဆောင်လာခဲ့တာပါ။ အဲဒီခေတ်က ရှင်တိုဘာသာကို နိုင်ငံရဲ့ ကိုးကွယ်တဲ့ဘာသာအဖြစ် သတ်မှတ်ဖို့ ကြိုးပမ်းခဲ့တဲ့ အစိုးရရဲ့ မူဝါဒအောက်မှာ နိုင်ငံတစ်လွှားက ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အဆောက်အအုံတွေ အဖိုးတန်ရတနာတွေ ဖျက်ဆီးခံရတဲ့ အဖြစ်အပျက်တွေ ပေါ်ပေါက်နေခဲ့ပါတယ်။ အဲဒီလို ခေတ်ကာလထဲမှာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး ပြတိုက်ကို ထူထောင်ဖို့ လိုအပ်တယ်လို့ ကြွေးကြော်လှုံဆော်ခဲ့တာကတော့ ပြတိုက်ရဲ့ ပထမ ပြတိုက်မှူးချုပ်ဖြစ်တဲ့ Hisanari Machida ဖြစ်ပါတယ်။ နိုင်ငံခြား ပညာသင်အဖြစ်နဲ့ ဥရောပကိုရောက်ခဲ့ချိန်မှာ ခေတ်မီနိုင်ငံတွေမှာရှိတဲ့ ပြတိုက်တွေရဲ့ အရေးပါပုံကို သိခဲ့ရတဲ့ သူတို့ ပညာသင်လူငယ်တွေရဲ့ ကြိုးပမ်းမှုကြောင့် ဂျပန့် ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းရေး စတင်ခဲ့ပါတယ်။ သေးငယ်လှတဲ့ အာဇဲခုရ အဆောက်အအုံလေးဟာ အန္တရာယ်တွေ ကြားက ထိမ်းသိမ်းကယ်တင်ထားလိုက်နိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုပဲ ဖြစ်ပါတယ်။

photo

အစီအစဉ်မိတ်ဆက်