audio
မာ့ဆုရာနိုမီယ ဇာတ် လက်ရေးစာမူ (Matsuranomiya Monogatari)
ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်
13မိနစ် 27စက္ကန့်

ထုတ်လွှင့်သည့်ရက် ဒီဇင်ဘာလ 8, 2016
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

"မာ့ဆုရာနိုမီယ ဇာတ် လက်ရေးစာမူ" စာအုပ်ဟာ မင်းစိုးရာဇာလည်းဖြစ် စာပေပညာရှင်အဖြစ်လည်း ထင်ရှားတဲ့ Fujiwara no Teika က ၁၂ရာစုကုန်မှာ ရေးခဲ့တယ်လို့ ဆိုကြတဲ့ ဇာတ်လမ်းပါ။ ဂျပန်က အဆင့်အတန်းမြင့်တဲ့ မျိုးရိုး လူငယ်လေးတစ်ဦးက တရုတ်ပြည်ကို သွားခဲ့ပြီး အံ့ဩစရာ စွန့်စားခန်းတွေကို ကြုံတွေ့ ဖြတ်ကျော်တဲ့ အကြောင်းပါ။ အဲဒီအချိန်အထိ ပိုင်ဆိုင်လာတဲ့ စာပေဆိုင်ရာ နက်ရှိုင်းတဲ့ အသိပညာတွေကို ဝေဝေဆာဆာ ထည့်သွင်းထားပြီး တစ်ဘက်မှာ တိုက်ပွဲတွေကို သရုပ်ဖော်ရာမှာတော့ စစ်ပွဲတွေ စစ်သူကြီးတွေရဲ့ နေရာယူလာမှုတွေကို မျက်စိရှေ့မှာ မြင်တွေ့လာရတဲ့ Teika ရဲ့ အတွေ့အကြုံတွေကို ရောင်ပြန်ဟတ်ထားပါတယ်။ အခုတစ်ကြိမ် မိတ်ဆက်ပေးမယ့် လက်ရေးစာမူ စာအုပ်ကတော့ Teika နေထိုင်ခဲ့တဲ့ ခေတ်ကနေ ရာစုတစ်ခု ကြာပြီးမှ ကူးရေးထားတာ ဖြစ်ပါတယ်။ အဲဒီလို ကွာခြားခဲ့တဲ့အချိန်အတွင်း ဂျပန်မှာ သမိုင်းအချိုးအကွေ့ကြီးကို ကြုံခဲ့ရပါတယ်။ ဒီ ကူးရေးထားတဲ့ စာအုပ်မှာ ပျောက်ကွယ်လာနေတဲ့ မင်းစိုးရာဇာယဉ်ကျေးမှုကို လက်ဆင့်ကမ်းဖို့ ရည်ရွယ်ချက်တွေ ပါရှိပါတယ်။ ဒီစာအုပ်မှာ သုံးစွဲထားသလို လှပတဲ့ အဆင်တန်ဆာတွေနဲ့ စာရွက်တွေကို နောက်အခါမှာ မလုပ်ကြတော့ပါဘူး။ တစ်ဘက်မှာတော့ ထူးခြားတဲ့ စာလုံးပုံစံတွေကတော့ စစ်သည်တော်တွေစတဲ့ စာဖတ်သူအသစ်တွေကို ရည်စူးထားတာလို့ ယူဆရပါတယ်။

photo