audio
မြီးညှောင့်ငှက်ဒီဇိုင်း မြေထည်ခွက်- (မိနိုမြေထည်၊ နယ်ဇုမိ ရှီနို ပုံစံ) (Nezumi Shino Sekirei-mon Hachi)
ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်
13မိနစ် 28စက္ကန့်

ထုတ်လွှင့်သည့်ရက် အောက်တိုဘာလ 20, 2016
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

မညီမညာ အဝိုင်းပုံ၊ ခပ်တိမ်တိမ် ဒီခွက်ရဲ့ မျက်နှာပြင်ရဲ့ အစိတ်အပိုင်း အများစုက မီးခိုးရောင် လွှမ်းနေပြီး အဲဒီအပေါ်မှာ အဖြူရောင်နဲ့ ရေစီးကြောင်းအစပ်က ကျောက်ဆောင်မှာ နားနေတဲ့ မြီးညှောင့်ငှက်ပုံ ရေးဆွဲထားပါတယ်။ အရင်ဆုံး အရောင်ဆေးကို ခြယ်ပြီး ဒီဆေးကို ပြန်ဖျက်ပြီး ကောက်ကြောင်းကို ဆွဲတဲ့နည်းကို သုံးထားတာဆိုပေမဲ့ မထင်မှတ်ဘဲ အရောင်ဆေး မခြယ်ထားတဲ့ နေရာက ကျောက်ဆောင်လို ဖြစ်နေခဲ့ရာက အဲဒီနေရာတင် ဒီဇိုင်းကို ဖန်တီးခဲ့ပါတယ်။ ၁၆ရာစု အလယ်ပိုင်းကနေ ၁၇ရာစုအစပိုင်းအထိ ဂျပန်မှာ စစ်ပွဲတွေဖြစ်ခဲ့ပြီး တက်တက်ကြွကြွ စီးပွားရေးလုပ်ဆောင်မှုတွေလည်း ရှိခဲ့တာကြောင့် လူမှုအသိုက်အဝန်းထဲမှာ ကြီးမားတဲ့ အလှည့်အပြောင်းတွေနဲ့ ကြုံခဲ့ရပြီး အနုပညာအလှအပတွေရဲ့ အတွေးအခေါ်သစ်တွေ မွေးဖွားလာခဲ့ပါတယ်။ ဒီမြေထည်ခွက်လက်ရာအပါအဝင် "ရှီနိမြေထည်"တွေဟာ အဲဒီခေတ်ကို ကိုယ်စားပြုတဲ့ လွတ်လပ်ပေါ့ပါးတဲ့ဒီဇိုင်းနဲ့ မြေထည်တစ်မျိုးဖြစ်ပါတယ်။ နောက်ပိုင်းမှာ ခေတ်ရေစီးကြောင်း ပြောင်းသွားခဲ့ပြီး ရှီနိုမြေထည်တွေကို ထုတ်လုပ်ခဲ့တဲ့ နေရာကိုတောင် မေ့သွားခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀ရာစုနောက်ပိုင်းမှာ ထုတ်လုပ်တဲ့နေရာဖြစ်တဲ့ မီနိုဒေသကို ပြန်တွေ့ခဲ့ပြီး တစ်ခေတ်တစ်ခါက ကြွေထည်မြေထည်တွေအပေါ် ကြီးမားတဲ့ ဩဇာသက်ရောက်မှု ရှိခဲ့တာကို ထုတ်ဖော်နိုင်ခဲ့ပါတယ်။

photo