audio
ဗုဒ္ဓဘာသာ ပွဲလန်းတွေမှာ သုံးတဲ့တံခွန်အပြား ခန်းဂျောဘန်း (Kanjo-ban)
ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်
13မိနစ် 56စက္ကန့်

ထုတ်လွှင့်သည့်ရက် စက်တင်ဘာလ 15, 2016
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

"ဘန်း"ဆိုတာ ဗုဒ္ဓဘာသာပွဲလန်းတွေမှာသုံးတဲ့ ရှည်မျောမျော တံခွန်တစ်မျိုးကို ခေါ်တာပါ။ ကွယ်လွန်သူတွေ ငြိမ်းအေးစေဖို့ ဆုတောင်းကြတဲ့အခါမှာ ဘုန်းတော်ကြီးကျောင်းတွေမှာ ချိတ်ဆွဲကြပါတယ်။ ပုံမှန်အားဖြင့် ပိုးထည်ပိတ်သားနဲ့ ပြုလုပ်ကြပေမဲ့ အခုတစ်ကြိမ် မိတ်ဆက်ပေးတဲ့ "ခန်းဂျောဘန်း" ကတော့ ရွှေရည်စိမ်ထားတဲ့ ပါးလွှာတဲ့ ကြေးပြားနဲ့ လုပ်ထားပြီး အလားတူပစ္စည်းမျိုး တစ်ခုမှ မရှိပါဘူး။ ၇ရာစု အနှောင်းပိုင်းမှာ ပြုလုပ်ခဲ့ပြီး ဂျပန်မှာ ရှေးအကျဆုံး ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဖြစ်တဲ့ ဟိုးလျူးဂျိ ဘုန်းတော်ကြီးကျောင်းမှာ ထိန်းသိမ်းလာခဲ့ပါတယ်။ အရှည် ၅မီတာလောက်ရှိပြီး ပစ္စည်းတစ်ခုလုံးကို ဇာပန်းလို ထွင်းထားပြီး ဘုရားရှင်ရဲ့စံတော်မူရာ ဘုံကမ္ဘာ၊ ကောင်းကင်မှာ နတ်တွေ ဝဲပျံနေတာတွေကို သရုပ်ဖော်ထားပါတယ်။ တခြားမှာ မမြင်တွေ့နိုင်တဲ့ ခန့်ညားထည်ဝါတဲ့ ဒီ တံခွန်ကို ပြုလုပ်စေခဲ့သူကတော့ ဂျပန်မှာ ဗုဒ္ဓဘာသာကို အမြစ်တွယ်စေခဲ့သူအဖြစ် လူသိများတဲ့ ရှောတိုကု တိုင်းရှီ မင်းသားရဲ့ သမီးတော်လို့ ယူဆနေကြပါတယ်။ တိုကျိုမြို့ အမျိုးသားပြတိုက်က ပြခန်းတာဝန်ခံ Kakuyuki Mita ကတော့ ဘုရင့်အရိုက်အရာဆက်ဆံရေး အရှုပ်အထွေးတွေထဲမှာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ အကိုဖြစ်သူအတွက် ရည်စူးပြီး အဲဒီလို လှူဒါန်းခဲ့တာဖြစ်မယ်လို့ ယူဆနေပါတယ်။

photo