12မိနစ် 57စက္ကန့်

နိုးကဇာတ်ထဲက အမျိုးသမီးငယ် ဇာတ်ရုပ်ဝတ်စုံ- နူအိဟာ့ကု Nuihaku (Nuihaku, Kohakudan kusabana tanzaku yatsuhashimoyo)

ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်

ထုတ်လွှင့်သည့်ရက် ဇူလိုင်လ 14, 2016 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

နူအိဟာ့ကု ဆိုတာ ပန်းထိုးလက်ရာတွေနဲ့ ရွှေ၊ငွေအပြားကပ်တာတွေကို ပေါင်းစပ် တန်ဆာဆင်ထားတဲ့ ကီမိုနိုဝတ်စုံပါ။ အခုတစ်ကြိမ် မိတ်ဆက်ပေးနေတဲ့ နူအိဟာ့ကုဟာ အနီနဲ့အဖြူ အကွက်ချထားတဲ့ ပိတ်သားပေါ်မှာ ရာသီ၄မျိုးရဲ့ သစ်ပင်ပန်းမာလာတွေကို အစပြုလို့ အရာဝတ္ထု အမျိုးမျိုးကို ပန်းထိုးပုံဖော်ထားပြီး အဲဒါတွေရဲ့ ကြားမှာ ရွှေ၊ငွေ အပြားပါးပါးလေးတွေကို ကပ်ထားခဲ့ပါတယ်။ ၁၆ရာစုကနေ ၁၇ရာစု အစောပိုင်းအတွင်းက ထူးခြားတဲ့ ဒီဇိုင်းကို အခုခေတ်ကလူတွေသိနိုင်အောင် ပြသနေတဲ့ လှပခန့်ညားတဲ့ ဝတ်စုံတစ်ခုဖြစ်ပြီး အထက်တန်းလွှာ အမျိုးသမီးတွေရဲ့ ပွဲနေပွဲထိုင် ဝတ်စုံအဖြစ်ကနေ နိုးကဇာတ် ဝတ်စုံအဖြစ် ပြောင်းလဲ အသုံးပြုလာတာလို့ ယူဆထားကြပါတယ်။ ဂျပန်မှာပဲရှိတဲ့ ကဇာတ်"နိုး"ဟာ အုပ်ချုပ်သူတွေရဲ့ နှစ်သက်အားပေးမှုခံခဲ့ရပါတယ်။ အဲဒီအထဲမှာမှ အထူးသဖြင့် နှစ်သက်အားပေးခဲ့တယ်ဆိုပြီး ကျော်ကြားတာကတော့ ၁၆ရာစုအကုန်မှာ ဂျပန်ကို ပေါင်းစည်းပေးခဲ့တဲ့ ရှောဂွန်း စစ်သူကြီး တိုယိုတိုမီ ဟီဒဲယောရှိ ဖြစ်ပါတယ်။ ဇာတ်သမားတွေကို ကပြခိုင်းရုံတင်မက သူကိုယ်တိုင်လည်း ဝင်ကခဲ့ပါတယ်။ အခု မိတ်ဆက်ပေးနေတဲ့ နူအိဟာ့ကုဟာ အဆင်တန်ဆာတွေကြားမှာ ထည့်သွင်းထားတဲ့ မိသားစု အမှတ်အသား တံဆိပ်ပုံတွေအရ ဟီဒဲယောရှိနဲ့ ဆက်စပ်နေတဲ့ ပစ္စည်းဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။

photo

အစီအစဉ်မိတ်ဆက်