audio
၀၁၆ခုနှစ် ဇွန်လ ၉ရက် ကြာသပတေးနေ့ အိုင်းနူး လူမျိုးစုရဲ့ ရိုးရာ ဝတ်ရုံ Attushi (Attushi)
ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်
13မိနစ် 13စက္ကန့်

ထုတ်လွှင့်သည့်ရက် ဇွန်လ 9, 2016
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

Attushi (အတ်တိုးရှီ) ဆိုတာ ဂျပန် မြောက်ပိုင်းမှာ နေထိုင်တဲ့ ဒေသခံ အိုင်နူးလူမျိုးစုရဲ့ ရိုးရာ အဝတ်အထည်ပါ။ တိုကျိုမြို့အမျိုးသားပြတိုက်မှာ ၁၉ရာစုမှာ စုဆောင်းထားခဲ့တဲ့ အတ်တိုးရှီဝတ်ရုံတွေကို ထိန်းသိမ်းထားပါတယ်။ တစ်ချိန်က အိုင်နူးလူမျိုးတွေဟာ ဟိုကိုင်းဒိုးကနေ ရုရှားအရှေ့ဖျားအထိ ကျယ်ပြန့်တဲ့နယ်ပယ်အတွင်း ကူးသန်း ရောင်းဝယ် ဖောက်ကားခဲ့ကြပြီး ကိုယ်ပိုင် ယဉ်ကျေးမှုကို တည်ထောင်လာခဲ့ကြပါတယ်။ နေ့စဉ်ဝတ်ဖို့ ကနေ ပွဲနေပွဲထိုင် ဝတ်ဖို့အထိ ရည်ရွယ်ချက် အမျိုးမျိုးအတွက် ဝတ်ဆင်လာခဲ့တဲ့ ဒီ အတ်တိုးရှီတွေဟာ အိုင်းနူးယဉ်ကျေးမှုရဲ့ သင်္ကေတ တစ်ခုဖြစ်ပါတယ်။ သစ်ပင်ကရတဲ့ ချည်မျှင်နဲ့ ရက်ထားတဲ့ ပိတ်စနဲ့ ချုပ်ထားတာပါ။ ပုံသဏ္ဌာန်က ဂျပန်ရဲ့ ကီမိုနို ဝတ်စုံနဲ့ ခပ်ဆင်ဆင်ဖြစ်ပေမဲ့ မဲနယ်ပြာရောင် ပိတ်စနဲ့ အနားသတ်ထားပြီး အဲဒီအပေါ်မှာ ရေစီးကြောင်းလို အဆင်တွေကို ပန်းထိုးထားပါတယ်။ ဒီလို ထူးခြားတဲ့ တန်ဆာဆင်ထားပုံက လူတွေကို ဖမ်းစားထားပါတယ်။ ချည်ငင်တာ၊ ရက်လုပ်တာကနေ ပန်းထိုးတာအထိ အဓိကအားဖြင့် အမျိုးသမီးတွေက လက်နဲ့ လုပ်ခဲ့ကြပါတယ်။ အိုင်းနူးယဉ်ကျေးမှုကို အမွေဆက်ခံမယ်ဆိုတဲ့ စိတ်ဓာတ်တွေ မြင့်လာနေတဲ့ ကြားမှာ အတ်တိုးရှီ ချုပ်လုပ်တာကို အမျိုးသမီးတွေက ထိန်းသိမ်းထားကြပါတယ်။

photo