14မိနစ် 08စက္ကန့်

စက်ရှူး ရဲ့ လက်ရာ "ဟာဘိုးကုနည်းနဲ့ဆွဲထားတဲ့ မင်ဆေးရှုခင်းပုံ" (Sesshu "Haboku Sansui Zu")

ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်

ထုတ်လွှင့်သည့်ရက် ဧပြီလ 14, 2016 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

"ဟာဘိုးကုနည်းနဲ့ ဆွဲထားတဲ့ မင်ဆေးရှုခင်းပုံ" ဆိုတာ ၁၅ရာစုက ဂျပန်ကို ကိုယ်စားပြုတဲ့ ပန်းချီဆရာကြီး စက်ရှူးရဲ့ မင်ဆေးပန်းချီဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ပန်းချီပုံကို ဆွဲထားတာက ခပ်ကျဉ်းကျဉ်းရှည်ရှည် အပြားတစ်ခုရဲ့ အောက်ဘက်အစွန်နားမှာပဲ ဖြစ်ပြီး ကျန်တဲ့ သုံးပုံနှစ်ပုံလောက်ကတော့ စာလုံးတွေနဲ့ ပြည့်နေပါတယ်။ အပေါ်ပိုင်းမှာ ဘုန်းတော်ကြီး ၆ပါးက ကဗျာတွေကို ရေးထားပြီး အလယ်ပိုင်းမှာ စက်ရှူး ကိုယ်တိုင်က တရုတ်ကိုသွားပြီး နန်းတွင်းပန်းချီ ပညာရှင်တွေဆီက သင်ယူခဲ့တဲ့ အတွေ့အကြုံတွေ၊ သူ့ရဲ့ ဆရာသမား ပန်းချီပညာရှင်တွေအပေါ် လေးစားမှုတွေကို ရေးထားပါတယ်။ ဒီ လက်ရာဆွဲခဲ့ချိန်အထိ စက်ရှူးသွားလာခဲ့တာတွေကို နောက်ယောင်ခံကြည့်ရင် ဇင်ဘုန်းတော်ကြီးတွေက ယဉ်ကျေးမှုကို ထောက်ပံ့ပေးခဲ့တဲ့ ခေတ်ကို တွေ့မြင်နိုင်ပါတယ်။ မင်ဆေးပန်းချီဆိုတာ နေ့စဉ်လုပ်ဆောင်မှုအားလုံးဟာ ကျင့်ကြံအားထုတ်မှုဖြစ်တယ်လို့ ခံယူတဲ့ ဇင်ဘုန်းတော်ကြီးကျောင်းတွေကနေ ထွန်းကား ကျယ်ပြန့်လာခဲ့တဲ့ အနုပညာ ဖြစ်ပါတယ်။ စက်ရှူးဟာလည်း ဇင်ဘုန်းတော်ကြီး ဖြစ်ပြီး ပန်းချီပုံမှာ ကဗျာတွေ ရေးပေးခဲ့တာလည်း အဲဒီခေတ်က နာမည်ကျော် ဘုန်းတော်ကြီးတွေပါ။ ဒီလက်ရာဟာ ဇင်ဘုန်းတော်ကြီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကူးလူးဆက်ဆံရေးကို ပြောပြနေတဲ့ လက်ရာ တစ်ခုပဲ ဖြစ်ပါတယ်။

photo

အစီအစဉ်မိတ်ဆက်