
တိုကျိုအမျိုးသားပြတိုက်မှာ မြင့်မားတဲ့ လိပ်ခုံးပုံ အမိုးပါတဲ့ အနောက်တိုင်း အဆောက်အအုံ ရှိပါတယ်။ ၁၉၀၈ခုနှစ်မှာ အဲဒီအချိန်က အိမ်ရှေ့မင်းသားရဲ့ ထိမ်းမြားမင်္ဂလာပွဲကို ဂုဏ်ပြုပြီး တည်ဆောက်ခဲ့တာဖြစ်ပြီး ပျော်ရွင်မှုကို ဖော်ပြတဲ့ အဆောက်အအုံလို့ အဓိပ္ပါယ်ရတဲ့ ဟယောကေးအိကန် (Hyokeikan) လို့ ခေါ်ပါတယ်။ ဂျပန်မှာ ပထမဦးဆုံး အနုအပညာအတွက် သီးသန့်ပြခန်း အဆောက်အအုံဖြစ်သလို ပုံစံရေးဆွဲခဲ့တာကလည်း ဂျပန်မှာ ပထမဦးဆုံး ဗိသုကာပညာရှင် တစ်ဦးဖြစ်ပါတယ်။ ၁၉ရာစု အနှောင်းပိုင်းမှာ နိုင်ငံခေတ်မီတိုးတက်ရေးအတွက် အနောက်တိုင်း ယဉ်ကျေးမှုနဲ့ စနစ်တွေကို အသုံးပြုလာခဲ့တဲ့ ဂျပန်မှာ အနောက်တိုင်းပုံစံ အဆောက်အအုံကို တည်ဆောက်ဖို့ ပညာရှင်တွေ လိုအပ်လာခဲ့ပါတယ်။ ဒါနဲ့ပဲ အင်္ဂလန်ကနေ ဖိတ်ကြားခဲ့တဲ့ ဗိသုကာပညာရှင် Josiah Conder က ကျောင်းသားတွေကို အနောက်တိုင်း အဆောက်အအုံ သမိုင်းနဲ့ တည်ဆောက်ပုံတွေကို သင်ပြပေးခဲ့ပါတယ်။ အဲဒီကျောင်းသားတွေထဲက ပထမဦးဆုံး ဗိသုကာပညာရှင် ဖြစ်လာခဲ့တဲ့ တိုးကူမ ခါတာ့ယာမ (Tokuma Katayama)က နောင်မှာ ဟယောကေးအိကန်ကို တာဝန်ယူခဲ့ပါတယ်။ ဒါဟာ ဂျပန်မှာ အနောက်တိုင်း ဗိသုကာပညာ စာမျက်နှာသစ် ဖွင့်ခဲ့တဲ့ခေတ်ကို ဦးဆောင်ခဲ့သူတွေရဲ့ သမိုင်းမှတ်တမ်းပဲ ဖြစ်ပါတယ်။
