11မိနစ် 43စက္ကန့်

တံစဉ် ၂လက် ပုံပါတဲ့ အနီရောင် သိုးမွှေး ဝတ်ရုံ - ဂျင်းဘာအိုလီ (Jin-baori Shojo-hi Rashaji Chigai-kamamon)

ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်

ထုတ်လွှင့်သည့်ရက် ဒီဇင်ဘာလ 3, 2015 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

ဂျပန်မှာ ၁၅ရာစုကနေ ၁၇ရာစု အထိ အတွင်း စစ်ပွဲတောက်လျောက်ဖြစ်ခဲ့တဲ့ ခေတ် ရှိခဲ့ ပါတယ်။ အဲဒီခေတ်အခါက စစ်သည်တော်တွေဟာ စစ်မြေပြင်မှာ မိမိကိုယ်ကို ထင်ပေါ် သိသာစေဖို့ တမူထူးတဲ့ အဝတ်အစား အဆင်အပြင်တွေကို အပြိုင်အဆိုင် လုပ်ခဲ့ကြပါတယ်။ အဲဒီအထဲမှာ စစ်တပ်မှာ အုပ်ချုပ်သူအဆင့်ရှိတဲ့ စစ်သူကြီးတွေက သံချပ်ကာဝတ်စုံ အပေါ်က ထပ်ဝတ်ပြီး အမှတ်အသား အဖြစ်လည်း အသုံးပြုခဲ့ကြတာက ဂျင်းဘာအိုလီ ဝတ်ရုံပါ။ အခုတစ်ကြိမ် မိတ်ဆက်ပေးတဲ့ သိုးမွှေး အနီရောင် ဂျင်းဘာအိုလီဟာ ကြက်ခြေခတ်ပုံ တံစဥ် ၂စင်း ယှက်ထားတဲ့ ပုံကို ခပ်ကြမ်းကြမ်း တန်ဆာဆင်ထားတဲ့ ပစ္စည်းပါ။ ဒီလိုဆိုပေမဲ့ ရှေ့မျက်နှာစာမှာ နတ်ကွန်းတွေက မုခ်ဦးကို ဒီဇိုင်း ပုံစံ ယူထားတာကြောင့် နတ်တွေရဲ့ စောင်မမှု ကို ခံယူလိုတဲ့ လူသားဆန်တဲ့ ခံစားချက်ကိုလည်း တွေ့နိုင်ပါတယ်။ အဖိုးတန် ဆိုးဆေးကို သုံးထားတဲ့ ဥရောပမှာလုပ်တဲ့ သိုးမွှေးအထည်ဖြစ်ပြီး ပေါ်တူဂီလူမျိုးတွေနဲ့ ကုန်သွယ်ရင်း ရလာတဲ့ ပစ္စည်းပါ။ အဲဒီလို တန်ဖိုးကြီးတဲ့ ပစ္စည်းကို သုံးတာဟာလည်း ဩဇာအာဏာရှိတယ် ဆိုတာကို ပြသတာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ခေတ်ကြီးထဲ စစ်မြေပြင်မှာ စစ်သူကြီးတွေက ပြသခဲ့တဲ့ အနုပညာအမြင်တွေကို လေ့လာကြည့်ပါမယ်။

photo

အစီအစဉ်မိတ်ဆက်