audio
တာကာ့မူရာ ကိုးအွန်း ရဲ့လက်ရာ " မျောက်အို" (Roen)
ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်
12မိနစ် 02စက္ကန့်

ထုတ်လွှင့်သည့်ရက် နိုဝင်ဘာလ 19, 2015
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

၁၉ရာစု ကုန်ခါနီးမှာ ပြုလုပ်ခဲ့တဲ့ မျောက်ပုံ သစ်သားပန်းပု ပါ။ ကျောက်တုံးပေါ်မှာ ညာဖက်ကို ကိုယ်ကို တော်တော် လိမ်ထားပြီး ခပ်စောင်းစောင်း ကောင်းကင်ပေါ်ကို ကြည့်နေတဲ့ အဲဒီမျောက်ဟာ ဘယ်ဖက်လက်ထဲမှာ ငှက်မွှေးကို ကိုင်ထားပါတယ်။ စွန်နဲ့ တိုက်ခိုက်ရင်း နောက်ဆုံးမှာ စွန်ကို လက်လွှတ်လိုက်ရတဲ့ မျောက်ကို ပုံဖော်ထားတဲ့ ရုပ်တုဖြစ်ပါတယ်။ အားကောင်းပြီး အဏုစိတ်တဲ့ သရုပ်ဖော်ပုံတွေက အဲဒီပန်းပုရုပ်တုရဲ့ စွဲဆောင်မှုပါပဲ။ တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားတဲ့ အမွှေးတွေက ကိုယ်ခန္ဓာရဲ့ နေရာအလိုက် မတူအောင် သရုပ်ဖော်ပုံကို ခွဲခြားထားပြီး အသွင်အပြင်တွေ ခြားနားနေပါတယ်။ အလျားနဲ့ အမြင့် ၁မီတာလောက်ရှိပြီး အနံ ၇၆စင်တီမီတာရှိပါတယ်။ ဘုရားဆင်းတု ပန်းပုပညာရှင် တာကာ့မူရာ ကိုးအွန်းက ထုလုပ်ခဲ့တာဖြစ်ပြီး ၁၈၉၃ခုနှစ်က အမေရိကန်ရဲ့ ချီကာဂို မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကုန်စည်ပြပွဲမှာ ပြသခဲ့ပါတယ်။ ဂျပန်မှာ ပန်းပုဆိုရင် သစ်သားနဲ့ လုပ်တဲ့ ဘုရားဆင်းတုတော်ကိုပဲ ဆိုလိုခဲ့ရာက သရုပ်မှန်ပြီး ကြီးမားတဲ့ အနောက်တိုင်း ပန်းပုလက်ရာတွေကို သိလာရတာကို အကြောင်းပြုပြီး ပြောင်းလဲမှုတွေ ဖြစ်လာတဲ့ ခေတ်ကို ကိုယ်စားပြုနေတဲ့ လက်ရာတစ်ခုပဲ ဖြစ်ပါတယ်။

photo