audio
အိနို တာဒါ့တာ့က ရဲ့ "ဂျပန်မြေပုံ" (Nihon Enkaiyochizu)
ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်
13မိနစ် 28စက္ကန့်

ထုတ်လွှင့်သည့်ရက် အောက်တိုဘာလ 15, 2015
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

၁၉ရာစုအစပိုင်းမှာ လက်တွေ့တိုင်းထွာမှုတွေကို အခြေခံပြီး ပြုလုပ်ခဲ့တဲ့ ဂျပန် တနိုင်ငံလုံးရဲ့ မြေပုံဟာ တိကျပြီး ပန်းချီကားတစ်ချပ်လိုလည်း လှပပါတယ်။ အစိမ်းရောင် နုနု၊ အပြာရောင်နုနုစတဲ့ တည်တည်ငြိမ်ငြိမ် အရောင်တွေနဲ့ ဒီမြေပုံမှာ တိုင်းထွာမှု ကို မှတ်တမ်းတင်ပြသထားတဲ့ အနီရောင်မျဥ်းတွေက ပေါ်လွင်နေပြီး ထင်ရှားသပ်ရပ်တဲ့ ပုံကို ဖြစ်စေပါတယ်။ အိနိုတာဒါ့တာ့က အသက် ၅၅နှစ်ကနေ ၁၇နှစ်တိုင် ကိုယ်တိုင် လမ်းလျှောက်ပြီး ပြုစု ရေးဆွဲခဲ့ပါတယ်။ မစ္စတာအိနိုဟာ ဂျပန်မှာ ပထမဦးဆုံး မြေပြင် တိုင်းထွာမှုနဲ့ နက္ခတ်တိုင်းထွားမှုကို ပေါင်းစပ်လုပ်ဆောင်ခြင်းအားဖြင့် တိကျမှုမြင့်မားတဲ့ မြေပုံကို ရေးဆွဲခဲ့ပါတယ်။ ကနဦးတုန်းက မစ္စတာအိနိုက ပုဂ္ဂလိကအနေနဲ့ စတင်ခဲ့တဲ့ လုပ်ငန်းဖြစ်ခဲ့ရာက တဖြည်းဖြည်းနဲ့ အစိုးရက အသိအမှတ်ပြုတာခံရပြီး နောက်ဆုံးမှာ နိုင်ငံရဲ့ စီမံကိန်း ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ခေတ်မီနည်းနဲ့ တိုင်းထွာထားတဲ့ မြေပုံရေးဆွဲရာမှာ ဒီမြေပုံကို အခြေခံအဖြစ် အချိန်အကြာကြီး အသုံးပြုခဲ့ပါတယ်။

photo