13မိနစ် 23စက္ကန့်

အနောက်တိုင်း ခန္ဓာဗေဒ စာအုပ (Kaitai Shinsho 解体新書)

ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်

ထုတ်လွှင့်သည့်ရက် အောက်တိုဘာလ 1, 2015 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

အခုတစ်ကြိမ် နောက်ကြောင်းရာဇ၀င် ကတော့ ၁၈ရာစုနှောင်းပိုင်း အဲဒိုး (အခုခေတ် တိုကျိုမြို့) က ဆရာ၀န်တွေလက်ထဲကို ဒတ်ခ်ျဘာသာနဲ့ ရေးထားတဲ့စာအုပ်တစ်အုပ် ရောက်လာတာက အစပြုပါတယ်။ အဲဒီအထဲမှာ သရုပ်ဖေါ်ထားတဲ့ လူ့ခန္ဓာကိုယ် အတွင်းပိုင်းဟာ အဲဒီခေတ်ဂျပန်မှာ ယုံကြည်ထားခဲ့တဲ့ တရုတ်ကဆင်းသက်လာတဲ့ အမြင်တွေနဲ့ အကြီးအကျယ် ကွဲပြားနေပါတယ်။ အံ့အားသင့်ခဲ့ကြတဲ့ ဆရာ၀န်တွေဟာ လက်တွေ့ခွဲစိတ်ကြည့်ပြီး အဲဒီပုံတွေ တိကျမှန်ကန်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။ "လှော်တက်မရှိ ရွက်မရှိတဲ့ သင်္ဘောနဲ့ ပင်လယ်ထဲထွက်ရသလို " ခံစားချက်တွေနဲ့ ဒတ်ခ်ျဘာသာကို လေ့လာပြီး အဲဒီစာအုပ်ကို ဘာသာပြန်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ၃နှစ်ခွဲကြာပြီးနောက်မှာ ပြီးစီးခဲ့တဲ့ ၅အုပ်တွဲ ခန္ဓာကိုယ်အစိတ်အပိုင်းဆိုင်ရာ စာအုပ်သစ် လို့ အမည်ပေးထားတဲ့ ဒီ "အနောက်တိုင်း ခန္ဓာဗေဒ စာအုပ်" ဟာ အနောက်တိုင်းက ခန္ဓာဗေဒပညာရပ်ကို ဂျပန်မှာ ပထမဦးဆုံး ကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်ပေးတဲ့ စာအုပ် ဖြစ်လာပါတယ်။ နိုင်ငံခြားနဲ့ ဆက်သွယ်ထိတွေ့မှုကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတဲ့ ခေတ်မှာ အသိပညာသစ်တွေကို ရှာဖွေရင်း ဇွဲရှိရှိနဲ့ ကြိုးပမ်းခဲ့ကြသူတွေရဲ့ ခံစားချက်တွေကို တင်ဆက်ထားပါတယ်။ အဲဒီအချိန်ကနေ နောက်ထပ် ရာစုတစ်ခုနီးပါး ကြာပြီးမှ ဂျပန်က ကမ္ဘာနဲ့အကြား တံခါးဖွင့်ခဲ့တာ ဖြစ်ပါတယ်။

photo

အစီအစဉ်မိတ်ဆက်