audio
အဆစ်တွေကို ကွေးကောက်နိုင်တဲ့ ကျောက်ပုစွန် အလှထားအရုပ် (Jizai Ise-ebi okimono)
ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်
11မိနစ် 48စက္ကန့်

ထုတ်လွှင့်သည့်ရက် စက်တင်ဘာလ 17, 2015
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

အိစေးအဲဘီ လို့ခေါ်တဲ့ ကျောက်ပုစွန်ပုံ လုပ်ထားတဲ့ သံထည် အဆစ်တွေကို ကွေးကောက်နိုင်တဲ့ အလှထားအရုပ် "ဂျိဇိုင်း အိစေးအဲဘီ အိုခိမိုနို"ဟာ အံ့ဩစရာကောင်းလောက်အောင် တကယ့် အကောင်နဲ့ တူအောင် လုပ်ထားပါတယ်။ ဦးမှင်အမွေး အပါအ၀င် အရှည် ၂၈စင်တီမီတာရှိပြီး အရွယ်သေးသေး ကျောက်ပုစွန်ပုံ ဖြစ်ပါတယ်။ ကိုယ်ထည်အပိုင်း၊ ခြေချောင်း၊ ဦးမှင်အမွေးနဲ့ အမြီး အစိတ်အပိုင်းတွေကို ကွေးလို့ကောက်လို့ ရပါတယ်။ ဒီလက်ရာလိုပဲ သံ စတဲ့ သတ္တုတွေကို သုံးပြီး မြွေ၊ သိမ်းငှက်၊ ပိုးကောင် စတဲ့ တိရိစ္ဆာန်တွေကို တသွေမတိမ်း တုထားတဲ့အပြင် အဆစ်တွေ လှုပ်ရှား ကွေးကောက်လို့ရအောင် လုပ်ထားတဲ့ အလှထားအရုပ်တွေကို "ဂျိဇိုင်း အိုခိမိုနို" လို့ခေါ်ပြီး ၁၈ရာစု အစောပိုင်းကစလို့ အခုအချိန်အထိ ဂျပန်မှာ ဖန်တီး ပြုလုပ်လာကြပါတယ်။ ကမ္ဘာပေါ်က နာမည်ကျော် ပြတိုက်တွေမှာလည်း စုဆောင်းထားပြီး ဆန်းပြားမှု၊ အဏုစိတ်မှု၊ ထူးခြားမှုတွေကြောင့် ခေတ်နဲ့ ယဉ်ကျေးမှု မတူညီတာတွေကို ကျော်လွန်ပြီး လူတွေကို စွဲဆောင် ဖမ်းစားလို့နေပါတယ်။

photo