audio
ကွမ်းရိုးစင်းအဖြူရောင် ပိတ်စပေါ် ဆောင်းဦးပန်းနဲ့အပင် အဆင်ဖေါ်ထားတဲ့ လက်ဖျားအတို ကီမိုနို ခိုစိုဒဲ့ (Kosode shiroayaji akikusamoyou)
ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်
12မိနစ် 47စက္ကန့်

ထုတ်လွှင့်သည့်ရက် စက်တင်ဘာလ 3, 2015
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

ဂျပန်အမျိုးသမီးတွေရဲ့ ရိုးရာ၀တ်စုံ "ကီမိုနို"ရဲ့ အလှဟာ အဓိကအားဖြင့် အဆင်ပေါ်မှာ မူတည်ပါတယ်။ တစ်ခါတစ်ရံ ကီမိုနိုကို ပန်းချီကားချပ်လို သဘောထားပြီး ပန်းချီဆရာက ဆွဲတာလည်း ရှိပါတယ်။ အခုတစ်ကြိမ် ကောက်နုတ်ထားတာကလည်း အဲဒီလို ရှားပါးတဲ့ ကီမိုနိုတွေထဲမှာ အကောင်းဆုံးဖြစ်ပြီး နာမည်ကျော် အနုပညာရှင်ကြီး အိုးဂါ့တာ့ကိုးလင်း က ၁၈ရာစုအစောပိုင်းမှာ ရေးဆွဲခဲ့တာပါ။ အရောင်နည်းနည်း၊ ရိုးရိုးရှင်းရှင်း ပုံဖေါ်ထားတဲ့ ဆောင်းဦးရာသီ ကွင်းပြင်တောစပ်တွေမှာ တွေ့ရတဲ့ ပန်းနဲ့အပင်တွေရဲ့ မြင်ကွင်းတွေကို သရုပ်ဖေါ်ထားတဲ့ ဒီလက်ရာဟာ ကိုးလင်းရဲ့ သူမတူအောင် ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်းအမြင်တွေကို အပြည့်အဝ ဖေါ်ပြနေပါတယ်။ တကယ်တော့ ကျိုတိုမြို့က ထိပ်တန်း အဝတ်အထည်ဆိုင် မိသားစုမှာ မွေးဖွားလာခဲ့သူ ဖြစ်ပေမဲ့ ကိုးလင်း ဟာ ကီမိုနိုဒီဇိုင်းကို မဆွဲသလောက်နေခဲ့သူပါ။ ကိုးလင်း က ဒီ ကီမိုနိုကို ဖန်တီးခဲ့တာကတော့ သူ အသက် ၄၀တန်းမှာ လှုပ်ရှားမှုနယ်ပယ်ကို ချဲ့ထွင်ဖို့ အဲဒိုးမြို့ကို ထွက်လာခဲ့ချိန်ကပါ။ အဲဒီခေတ်က ဖက်ရှင်တွေ၊ တိုးတက်ဖွံဖြိုးလာတဲ့ မြို့သစ် အဲဒိုးရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေစတဲ့ ဒီဂန္ထဝင်လက်ရာ မွေးဖွားခဲ့တဲ့ နောက်ခံအကြောင်းတွေကို လေ့လာကြည့်ရအောင်။

photo