audio
ဟေးအိဂျိဇာတ်လမ်းပန်းချီကားလိပ်-လောကုဟာရသို့ ဘုရင်ကြီး ခရီးသွားခန်း (Heiji Monogatari Emaki, Rokuhara Gyoukou no Maki)
ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်
12မိနစ် 23စက္ကန့်

ထုတ်လွှင့်သည့်ရက် ဇူလိုင်လ 2, 2015
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

"ဟေးအိဂျိဇာတ်လမ်းပန်းချီကားလိပ်-လောကုဟာရသို့ ဘုရင်ကြီး ခရီးသွားခန်း"ဟာ ၁၃ရာစုမှာ ရေးဆွဲခဲ့တဲ့ အနံ ၄၀စင်တီမီတာ၊ အလျား ၉မီတာလောက်ရှည်တဲ့ ပန်းချီကားလိပ်ပါ။ ၁၂ရာစုမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ပုန်ကန်မှုအကြောင်းကို သရုပ်ဖေါ်ထားတဲ့ ဒီပန်းချီကားလိပ်မှာ အစဉ်အဆက် အုပ်ချုပ်သူ လူတန်းစားဖြစ်တဲ့ ဧကရာဇ်ဘုရင်နဲ့ မင်းမျိုးမင်းနွယ်တွေထက် ပိုပြီးအားကောင်းလာတဲ့ စစ်သည်တွေရဲ့ အသွင်ကို ရေးဆွဲထားပါတယ်။ "အဲမာ့ကီ" ပန်းချီကားလိပ်ဆိုတာဟာ ၈ရာစုမှာ တရုတ်ကနေ ဂျပန်ကို ရောက်လာခဲ့တဲ့ သရုပ်ဖေါ်ပုံတွေ ပါတဲ့ ဗုဒ္ဓဘာသာဘုရားစာ စတာတွေကို အခြေပြုခဲ့ပါတယ်။ အဲဒီနောက်မှာ ရေးဆွဲတဲ့ ဇာတ်လမ်း အကြောင်းအရာတွေ ကျယ်ပြန့်လာပြီး မူပိုင်ဟန်တွေလည်း ပေါ်လာခဲ့ပါတယ်။ ပန်းချီကားလိပ်ကို ကြည့်ရှုသူ ကိုယ်တိုင်က ဖြန့်လိုက် လိပ်လိုက် အပြန်ပြန်လုပ်ရင်း ပန်းချီပုံတွေဟာ မန်ဂါ ကာတွန်းတွေ၊ ကာတွန်း ရုပ်ရှင်တွေလို မြင်လာရပါတယ်။ ဒီပန်းချီကားလိပ်ဟာ တစ်မူထူးတဲ့ ဖတ်ရှုနည်းနဲ့ ဇာတ်လမ်းထဲက စစ်သည်တွေရဲ့ အသွင်အပြင်ကို အကောင်းဆုံး သရုပ်ဖေါ်ထားတဲ့ လက်ရာတစ်ခုဖြစ်ပါတယ်

photo