audio
လက်ဖက်ရည်ကြမ်းတည်ခင်းရာအိမ် လောခုစိုးအန်း (Rokusoan)
ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်
13မိနစ် 19စက္ကန့်

ထုတ်လွှင့်သည့်ရက် ဇွန်လ 18, 2015
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

တိုကျိုမြို့ အမျိုးသားပြတိုက်ရဲ့ ပန်းခြံထဲမှာရှိတဲ့ လက်ဖက်ရည်ကြမ်း တည်ခင်းရာအိမ် လောခုစိုးအန်းကို ၁၇ရာစုမှာ နာရာမြို့မှာ တည်ဆောက်ခဲ့ပြီး လှပတဲ့ အသွင်ကြောင့် နာရာကို ကိုယ်စားပြုတဲ့ လက်ဖက်ရည်ကြမ်း တည်ခင်းရာနေရာတစ်ခု အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ၁၉ရာစု အနှောင်းပိုင်းမှာ ယိုယွင်း ပျက်စီးခဲ့ပါတယ်။ နှမြောမိတဲ့သူတွေရဲ့ ကြိုးပမ်းမှုနဲ့ တိုကျိုရဲ့ ပြတိုက်ကို ရွှေ့ပြောင်းခဲ့ပါတယ်။ အဆောက်အအုံကို ဖျက်သိမ်းပြီး ပင်လယ်လမ်းကြောင်းကနေ တိုကျိုကို သယ်လာရာမှာ လမ်းမှာ မုန်တိုင်းမိလို့ သင်္ဘောပျက်ခဲ့ပါတယ်။ ကြိုးစားပမ်းစားနဲ့ သစ်သား ပစ္စည်းတွေကို ဆယ်ယူပြီး ပြန်ဆောက်ထားတာလို့ ဆိုပါတယ်။ ဒါတင်မက ဒုတိယ ကမ္ဘာစစ်အတွင်း ဗုံးကြဲခံရပြီး မီးလောင်ပျက်စီးမှာကို စိုးရိမ်ပြီး နောက်တစ်ကြိမ် ဖျက်သိမ်းခဲ့ပါတယ်။ စစ်ကြီးပြီးတဲ့အခါမှာမှ ပြန်တည်ဆောက်ခဲ့ ပါတယ်။ ဒီ လက်ဖက်ရည်ကြမ်း တည်ခင်းတဲ့နေရာဟာအတော်သေးပြီး ရိုးစင်းပေမဲ့ ဂျပန့်ကိုယ်ပိုင် ယဉ်ကျေးမှုဖြစ်တဲ့ လက်ရည်ကြမ်းတည်ခင်းမှု ပညာရပ်မှာ အိမ်ရှင်နဲ့ ဧည့်သည်တို့က သေးငယ်တဲ့ ခွက်ကလေးကို အကြောင်းပြုပြီး စိတ်သဘောထားချင်း ဖလှယ်ကြတဲ့ နေရာပါ။ အဆောက်အအုံရဲ့ အသေးစိတ် နေရာအထိ တည်ဆောက်သူရဲ့ ခံစားချက်တွေကို ထည့်သွင်းထားပြီး မကြာမကြာ ပိုင်ရှင် တစ်ယောက်ပြီး တစ်ယောက် ပြောင်းလဲ အမွေဆက်ခံလာရင်း တန်ဖိုးထား အသုံးပြုလာခဲ့ကြပါတယ်။

photo