audio
အယ်ဒိုးရဲတိုက်ဟောင်းရဲ့ ဓာတ်ပုံအယ်လဘမ် (Kyu Edojo Shashinjo)
ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်
13မိနစ် 17စက္ကန့်

ထုတ်လွှင့်သည့်ရက် ဇွန်လ 4, 2015
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

အဲဒိုးရဲတိုက်ဟောင်းရဲ့ ဓာတ်ပုံအယ်လဘမ် ဟာ ဂျပန်နိုင်ငံက ခေတ်သစ် ထူထောင်ရေးလမ်းကို ဦးတည် လျှောက်လှမ်းခဲ့ပြီး မကြာခင် ၁၈၇၁ ခုနှစ် မှာ ရိုက်ကူးထားတာပါ။ တိုကုဂါဝ အစိုးရရဲ့ ဩဇာအာဏာ ပြယုဂ်ဖြစ်ခဲ့တဲ့ ကြီးမားလှတဲ့ အဲဒိုးရဲတိုက်ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ ၆၄ ပုံ ကို စုစည်းထားတဲ့ အယ်လဘမ် ဖြစ်ပါတယ်။ အဲဒီထဲမှာ လူမနေတော့တဲ့ အဆောက်အအုံတွေလို ယိုယွင်းလာနေတဲ့ အဲဒိုးရဲတိုက်ရဲ့ အနေအထားတွေ ကတဆင့် ဆာမူရိုင်းတွေက အောင်မြင်မှု အထွဋ်အထိပ် ရောက်ခဲ့တဲ့ ခေတ်ရဲ့ နေဝင်ချိန်ကို တွေ့နိုင်ပါတယ်။ ဒီ ဓာတ်ပုံအယ်လဘမ်ဟာ ခေတ်သစ်တစ်ခုကို ရောက်လာတဲ့ ဂျပန်မှာ ဓာတ်ပုံဆိုတဲ့ နောက်ဆုံးပေါ် နည်းလမ်းကို သုံးပြီး ယဉ်ကျေးမှု အမွေအနှစ်တွေကို မှတ်တမ်းတင်ခဲ့တဲ့ ရှေးအကျဆုံး ဖြစ်ရပ်ပါ။ ဒါကို ပြုစုခဲ့တဲ့ အစိုးရ ဝန်ထမ်း Ninagawa Noritane ဟာ 'ယဉ်ကျေးမှု အမွေအနှစ်ကို အနာဂတ်အတွက် မှတ်တမ်းတင်တယ်' ဆိုတဲ့ ခေတ်ရှေ့ပြေးတဲ့ စိတ်ထားရှိသူ တစ်ယောက်ပါ။ သူ မှတ်တမ်းတင်ထားတဲ့ အဲဒီခေတ်အခါက အဲဒိုးရဲတိုက်ရဲ့ အနေအထားတွေဟာ အခုခေတ် ဗိသုကာနဲ့ သမိုင်း သုတေသီတွေကို အထောက်အကူပြုပေးနေပါတယ်။

photo