13မိနစ် 46စက္ကန့်

ဂီခ့ါကုမျက်နှာဖုံး ကွန်းရွန် (Gigaku Men Konron)

ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်

ထုတ်လွှင့်သည့်ရက် မေလ 21, 2015 ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

ဂီဂါ့ကုဆိုတာ ဂျပန်က မှတ်တမ်းတွေထဲမှာ ကျန်နေတဲ့ ရှေးအကျဆုံး ဇာတ် အနုပညာပါ။ ၇ရာစုမှာ တရုတ်နိုင်ငံ အရှေ့တောင်ဘက်ကနေ ရောက်လာတာလို့ ဆိုပါတယ်။ အဲဒီဇာတ်ပွဲကရာမှာ သုံးတဲ့ သစ်သားနဲ့ လုပ်ထားတဲ့ ဂီဂါ့ကုမျက်နှာဖုံးတွေရဲ့ ဇာတ်ရုပ် အမျိုးမျိုးရှိတဲ့အထဲမှာ ကွန်းလွန် ကို မိတ်ဆက်ပေးမှာပါ။ တိုကျိုမြို့အမျိုးသား ပြတိုက်မှာရှိတဲ့ ကွန်းလွန်ဟာ မျက်လုံးကို ပြူးထားပြီး၊ ပါးစပ်ထောင့်တွေကနေ အစွယ်တွေကို မြင်နေရပြီး ကြောက်စရာ သတ္တဝါကြီး လိုပါဘဲ။ ဒါပေမဲ့ ဇာတ်ကရာမှာတော့ ဟာသဆန်ဆန် သရုပ်ဆောင်ရင်း ပရိသတ်ကို ရယ်မောစေပါတယ်။ မျက်နှာဖုံး ယဉ်ကျေးမှုဆိုတာ ကမ္ဘာအနှံ့မှာ တွေ့ရပြီး အထူးသဖြင့် အာရှမှာ အခုအခါမှာလည်း လူနေမှုဘ၀ထဲမှာ ရှင်သန်နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ရှေးက မျက်နှာဖုံးတွေကတော့ မကျန်ခဲ့တော့ပါဘူး။ ၇ရာစုနှစ်က ဟိုးလယူးဂျိ ဘုန်းကြီးကျောင်း မီးလောင်ခဲ့ပြီး ၊ ပြန်ဆောက်တဲ့ အထိမ်းအမှတ်ပွဲမှာ အသုံးပြုခဲ့တဲ့ ဒီမျက်နှာဖုံးဟာ သစ်သားမျက်နှာဖုံးအနေနဲ့ ရှေးအကျဆုံး ဖြစ်ပါတယ်။ ဂီဂါ့ကုရဲ့ မူလဇစ်မြစ်ကို အခုအခါ မသိနိုင်ဘူးဆိုပေမဲ့ ပင်လယ်တွေကို ဖြတ်သန်းပြီး နိုင်ငံတွေအကြား ဆက်စပ်မှုတွေရှိခဲ့တာကို ခံစားမြင်ယောင်စေပါတယ်။

photo

အစီအစဉ်မိတ်ဆက်