audio
ကြက်ခြေခတ်ပုံအကွက်ဒီဇိုင်းဖော်ထားတဲ့ ရိုးရာခေါင်းလောင်း (Dotaku)
ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်
12မိနစ် 59စက္ကန့်

ထုတ်လွှင့်သည့်ရက် ဧပြီလ 16, 2015
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

"ဒိုးတာ့ကု" ဆိုတာ ဘီစီ ၂ရာစုကနေ အေဒီ ၃ရာစုလောက်အတွင်း ဂျပန်မှာ ပြုလုပ်ခဲ့တဲ့ ကြေးညို "ခေါင်းလောင်း"တစ်မျိုးဖြစ်ပြီး "ပွဲတော်ဆိုင်ရာပစ္စည်း" အဖြစ် အသုံးပြုခဲ့ကြတယ်လို့ ယူဆရပါတယ်။ ဒီကြက်ခြေခတ်ပုံ ဒီဇိုင်းအကွက်ဖော်ထားတဲ့ ရိုးရာခေါင်းလောင်းကတော့ ဘီစီ ၂ရာစု ကနေ ဘီစီ ၁ရာစု အတွင်း ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ မျက်နှာပြင်မှာတော့ ပုစဉ်းပုံ၊ လိပ်ပုံ၊ ခွေးတွေကိုသုံးပြီး တောဝက်လိုက်ပုံ စတာတွေကို ကောက်ကြောင်းပန်းချီနဲ့ ဆွဲထားပါတယ်။ အထူးသဖြင့် "ဆန်ဖွပ်နေတဲ့ လူနှစ်ယောက်ဦး" နဲ့ "ခြေတံရှည် အဆောက်အအုံ" ပုံတွေဟာ ဂျပန်မှာ ရေသွင်းစပါးစိုက်ပျိုးမှုကနေ လယ်ယာစိုက်ပျိုးရေး စတင်လာချိန်က လူတွေရဲ့ စားဝတ်နေရေးပုံစံတွေကို အခုခေတ်လူတွေ သိနိုင်ဖို့ ပြသနေတဲ့ အလွန်တန်ဖိုးရှိတဲ့ ပစ္စည်းပါ။ ကုန်ကြမ်းဖြစ်တဲ့ ကြေးညိုတွေ၊ အရည်သွန်းတဲ့နည်းပညာတွေဟာ တရုတ်နဲ့ ကိုရီးယားကျွန်းဆွယ်စတဲ့ နိုင်ငံရပ်ခြားကနေ ဂျပန်ကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီခေတ်အခါက လူတွေဟာ နိုင်ငံခြားက နည်းပညာတွေကို သင်ယူပြီး မိမိတို့ရဲ့မူပိုင် မွမ်းမံမှုတွေလုပ်ခဲ့တယ်ဆိုတာကို ဒီကြေးညိုပစ္စည်း ဒိုးတာ့ကုခေါင်းလောင်းကနေ သိနိုင်ပါတယ်။

photo