audio
လမင်းကြီးနဲ့ မက်မွန်ပင်ပုံ ပန်းချီအလှဆင်ထားတဲ့ ကြွေထည်လက်ဖက်ခြောက်ဘူး၊ Ninsei ကြွေထည်စတူဒီယို။ (Ninsei "Iroe Getsubaizu Chatsubo")
ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်
12မိနစ် 20စက္ကန့်

ထုတ်လွှင့်သည့်ရက် ဧပြီလ 2, 2015
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

လမင်းကြီးနဲ့မက်မွန်ပင်ပုံ ပန်းချီဒီဇိုင်းဆင်ထားတဲ့ လက်ဖက်ခြောက်အိုးကို ၁၇ရာစုတုန်းက Ninsei ကြွေထည်စတူဒီယိုက ပြုလုပ်ခဲ့တာပါ။ ဒီအိုးပေါ်မှာ အစိမ်းရောင်နဲ့ ခရမ်းရောင် ပင်စည်တွေနဲ့ သစ်ကိုင်းတွေ၊ အနီရောင်နဲ့ ငွေရောင် ပွင့်နေတဲ့ ပန်းတွေကို အရောင်တောက်တောက် ရေးဆွဲထားပါတယ်။ လမင်းကြီးကို ငွေရောင်၊ သစ်ပင်တစ်ဝိုက်မှာ လွင့်မျောနေတဲ့တိမ်တွေကို ရွှေရောင် ခြယ်မှုန်း ထားပါတယ်။ အဲဒီခေတ်တုန်းက ရှိခဲ့တဲ့ နည်းပညာတွေနဲ့ ကြွေထည် ပစ္စည်းပေါ်မှာ ဒီလိုပန်းချီဒီဇိုင်းမျိုး ရေးဆွဲဖို့ဆိုတာ အင်မတန်မှခက်ခဲပါတယ်။ ပြားချပ်နေတဲ့ မျက်နှာပြင်ပေါ်မှာရေးဆွဲထားတဲ့ ပန်းချီပုံကို ရုပ်လုံးကြွပုံရိပ်အဖြစ် မြင်ရတာဟာ နင်းစေးအိစတူဒီယိုရဲ့ ထူးကဲလှတဲ့ ပညာပါ။ ဒီအိုးကို ရှီကိုကု က မာရုဂမဲ ဒေသကို အုပ်ချုပ်ခဲ့တဲ့ Kyogoku Takatoyo က လုပ်ခိုင်းခဲ့တာလို့ ယူဆရပါတယ်။ Takatoyo ဟာ ပန်းချီကို ကြိုက်နှစ်သက်တဲ့ လူငယ်တစ်ဦးဖြစ်ပြီး ကျိုတိုမြို့တော်ကို အထင်ကြီးတမ်းတနေတဲ့သူပါ။ Takatoyo ရဲ့ခက်ခဲလှတဲ့ အမှာအော်ဒါကို Ninsei က အကောင်းဆုံးအနုပညာနဲ့ ဖန်တီးပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကျိုတိုမြို့ဟာ အတွေးအခေါ်၊ စိတ်ကူးသစ်တွေကို အကောင်းဆုံးနည်းပညာနဲ့ ဖန်တီးပုံဖော်ထားတဲ့ အနုပညာလက်ရာတွေနဲ့ ပြည့်နှက်နေတဲ့မြို့ ဖြစ်ပါတယ်။

photo