audio
၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ ၂၉ရက်၊ ကြာသပတေးနေ့့ အာအိုးမိုရီခရိုင်၊ ဆုရုဂါမြို့မှာတူးဖေါ်တွေ့ရှိရတဲ့  မျက်မှန်တပ်ထားတဲ့ဒိုးဂု (Shakouki Dogu)
ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်
12မိနစ် 32စက္ကန့်

ထုတ်လွှင့်သည့်ရက် ဇန်နဝါရီလ 29, 2015
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

မြေကြီးအရုပ်ဒိုးဂုဟာ အခုခေတ်ကနေ လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀ဝ၀နဲ့၂၅၀ဝ၀ လောက် အတွင်းက လုပ်ခဲ့တာလို့ ခန့်မှန်းရပါတယ်။ ပုံဖျက်ထားတဲ့ ကိုယ်ထည်မှာ ကြီးမားတဲ့ မျကိလုံးရှိပြီး တစ်ကိုယ်လုံးမှာ အသေးစိတ် ပန်းဖေါ်ထားတဲ့ ထူးခြားတဲ့ ပုံစံရှိပါတယ်။ မျက်မှန်တပ်ထားတဲ့ဒိုးဂု လို့ ခေါ်ရတာ ကတော့ ကနေဒါမြောက်ပိုင်းမှာနေတဲ့ ဒေသခံလူမျိုးနွယ်စုတွေက နှင်းတွေကြားမှာ စူးရှတဲ့ နေရောင်ကို ကာကွယ်ဖို့ တပ်ဆင်တဲ့မျက်မှန်နဲ့ တူတာကြောင့် လို့ ဆိုပါတယ်။ ဒီအရုပ်ကို ဘယ်လိုသုံးစွဲခဲ့သလဲ ဆိုတာ မသိရပေမဲ့ ပညာရှင်တွေရဲ့ အဆိုအရ ခြေတစ်ဖက် ပျက်စီးနေတာဟာ လူတွေဒဏ်ရာ အနာတရနဲ့ ဘေးဆိုးရန်ဆိုးတွေကနေ ကင်းဝေးစေဖို့ လူတွေရဲ့ ကိုယ်စားခံစေတဲ့ အနေနဲ့ ဖျက်ဆီးလိုက်တာလို့ ဆိုကြပါတယ်။ ရှေးခေတ်လူတွေရဲ့ ဆုတောင်းတွေကို ဖြည့်ပေးတဲ့ ဒီမြေရုပ်နဲ့ ပတ်သက်ပြီး အစီအစဉ်မှာ အနီးကပ် လေ့လာ ကြည့်ပါမယ်။

photo