audio
၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ ၂၂နေရက်၊ ကြာသပတေးနေ့ ခါနာ့ဂါဝါ့ကမ်းအလွန်ကရေလှိုင်းမဟာ -ရေးဆွဲသူ Katsushika Hokusai (Katsushika Hokusai "Kanagawaoki Namiura")
ဂျပန့်သုခုမအလှများရဲ့ နောက်ကြောင်းရာဇဝင်
13မိနစ် 44စက္ကန့်

ထုတ်လွှင့်သည့်ရက် ဇန်နဝါရီလ 22, 2015
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 31, 2029

ခါနာ့ဂါဝါ့ကမ်းအလွန်ကရေလှိုင်းမဟာ ဆိုတာ နိုင်ငံခြားမှာ လူသိအများဆုံး သစ်သား ပုံနှိပ်ပန်းချီပါ။ ၁၉ရာစု အနှောင်းပိုင်းမှာ ဂျပန်က တံခါးဖွင့်ဝါဒ ကျင့်သုံးခဲ့တဲ့နောက် ဂျပန့်အနုပညာလက်ရာ အများအပြား ပြည်ပကို ရောက်သွားပြီး လူတွေသိလာခဲ့ရာက အနောက်တိုင်း ခေတ်ပေါ် အနုပညာတွေ အပေါ်မှာလည်း သြဇာ သက်ရောက်မှု ရှိခဲ့ပါတယ်။ တကယ်တော့ ဂျပန်အနုပညာရှင်တွေ ဟာလည်း တံခါးပိတ်ထားခဲ့တဲ့ နိုင်ငံအတွင်းမှာ ရသမျှ သတင်းအချက်အလက် အနည်းငယ်ကနေ အနောက်တိုင်းနည်းပညာ တွေကို လေ့လာ နေခဲ့ကြတာပါ။ Hokusai ရဲ့ သစ်သားပုံနှိပ်ပန်းချီ မှာလည်း အနောက်တိုင်းကနေ ရထားတဲ့ ပညာတွေကို ထည့်သုံးထားပါတယ်။ လှိုင်းနဲ့ ဖူဂျီတောင်ပုံကို ဆွဲထားတဲ့ပန်းချီကားကနေ၊ တွေ့ရှိရတဲ့ အမြဲတစေ ရှာဖွေနေကြတဲ့ အရှေ့တိုင်းနဲ့ အနောက်တိုင်းက အနုပညာသမားတွေ ရဲ့ ပုံစံသစ်နဲ့ ဖေါ်ကျူးတဲ့အလှကို တင်ဆက်ပါမယ်။

photo