
ကရာတေးရဲ့ ဇာတိမြေ အိုကီနာဝါ
အမြင်သစ်နဲ့ ဂျပန်
12မိနစ် 08စက္ကန့်
ထုတ်လွှင့်သည့်ရက် မတ်လ 20, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 20, 2021
ဂျပန်ရဲ့ကိုယ်ခံပညာတစ်ရပ်ဖြစ်တဲ့ ကရာတေးဟာ တရုတ်ကိုယ်ခံပညာရဲ့ အရိပ် အငွေ့အောက်ကနေ ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါမှာ ပေါ်ထွန်းလာခဲ့တယ်လို့ ဆိုပါတယ်၊။ ကမ္ဘာအနှံ့မှာ ကရာတေးကို နှစ်ခြိုက်တဲ့သူ သန်း ၁၀၀ လောက် ရှိပြီး ၂၀၂၀ တိုကျိုအိုလံပစ်မှာ ပထမဦးဆုံးအနေနဲ့ ပြိုင်ပွဲဝင်အားကစားနည်းတစ်ခု ဖြစ်လာမှာပါ။ NHK WORLD-JAPAN ပေါ်တူဂီဘာသာအစီအစဉ်က မိုနစ် စိုးဇာ ဟာ ကရာတေးလေ့ကျင့်ကစားသူတွေပေါများတဲ့ အိုကီနာဝါကို သွားရောက်ခဲ့ပြီး အဲဒီ အားကစားနည်းဟာ သူ့ရဲ့ဇာတိနိုင်ငံ ဘရာဇီးလ်နဲ့ အိုကီနာဝါတို့အကြား အံ့သြဖွယ်ရာကောင်းလောက်အောင် ဆက်စပ်မှု ရှိနေတယ်ဆိုတာကို သိခဲ့ရပါတယ်။


