
13မိနစ် 47စက္ကန့်
၁၉၉၅ ခုနှစ်က ဂျပန်နိုင်ငံအနောက်ပိုင်း Osaka-Kobe မြို့တော်ဧရိယာကို ဗဟိုပြုပြီး Hanshin-Awaji မဟာငလျင်ကြီး လှုပ်ခတ်ခဲ့တာကြောင့် မကြုံစဖူး ပျက်စီးဆုံးရှုံးတွေ ဖြစ်ခဲ့ရပါတယ်။ ဒီမဟာငလျင်ကြီးကြောင့် လူတွေဟာ အသက်ရှင်ကျန်ရစ်သူတွေရဲ့ လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး အတွေးများစွာ ဖြစ်စေခဲ့ပါတယ်။ ငလျင်ဒဏ်ခံခဲ့ရတဲ့ နိုင်ငံခြားသား နေထိုင်သူတွေအတွက် စိတ်ခွန်အားပေးဖို့ ဘာသာစကားပေါင်းစုံနဲ့ ထုတ်လွှင့်တဲ့ ရေဒီယိုအသံလွှင့်ဌာနတစ်ခု ပေါ်လာခဲ့ပါတယ်။ ဒီရေဒီယို ဝန်ဆောင်မှု စတင်ဖြစ်ခဲ့ပုံနဲ့ လက်ရှိမှာ ဘယ်လို လည်ပတ်ထုတ်လွှင့်နေသလဲ ဆိုတာကို နားဆင်ကြည့်ကြရအောင်။ (၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)



