audio
ဂျပန်ရောက်နိုင်ငံခြားသားများအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး (အပိုင်း ၂) ဗီယက်နမ် နှင့် အင်ဒိုနီးရှား
BOSAI
12မိနစ် 41စက္ကန့်

ထုတ်လွှင့်သည့်ရက် ဧပြီလ 30, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မေလ 21, 2021

သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်နေရတာဟာ ဂျပန်လူမျိုးတွေတင်မက ပါဘူး။ ဂျပန်မှာနေထိုင်နေကြတဲ့ တခြားနိုင်ငံကလူတွေလည်း မကြာသေးတဲ့နှစ်တွေ အတွင်းမှာ သူတို့ရဲ့ကိုယ်ပိုင်ပြဿနာတွေနဲ့အတူ ရင်ဆိုင်နေရပါတယ်။ နှစ်ပိုင်းခွဲပြီး တင်ဆက်နေတဲ့ အစီအစဉ်မှာ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား လူမှုအသိုက်အဝန်းအတွင်းက အကြောင်းတွေ နားဆင်ရပါမယ်။ ခေးအိုးတက္ကသိုလ်က သုတေသီအဖွဲ့ဟာ အချက်အလက်တွေကို ရှာဖွေပြီး လိုအပ်ချက်တွေကို အကဲဖြတ်လေ့လာနေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်က ဖြစ်ပွားခဲ့တဲ့ ခူမာ့မိုတိုငလျင်လှုပ်ပြီးတဲ့နောက် ငလျင်မဖြစ်ခင်၊ ဖြစ်နေတုန်း၊ ဖြစ်ပြီးနောက်ပိုင်း လုပ်ဆောင်ချက်တွေအတွက် ရခဲ့တဲ့ သင်ခန်းစာတွေကိုလည်း တင်ဆက်သွားပါမယ်။ (၂၀၂၀ပြည့်နှစ် မတ်လ ၂၅ ရက်နေ့ကထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)

photo ဗီယက်နမ်လူမျိုး လေ့ကျင့်လုပ်သားတွေနဲ့ ကျောင်းသားတွေကို တွေ့ဆုံမေးမြန်းမှု လုပ်နေတဲ့ သုတေသနအဖွဲ့ photo အင်ဒိုနီးရှားကျောင်းသားတွေနဲ့ သုတေသနအဖွဲ့ဝင်များ photo ခူမာ့မိုတို နိုင်ငံတကာဖောင်ဒေးရှင်းက ဖွင့်လှစ်တဲ့ ဂျပန်ဘာသာစကား သင်တန်းတစ်ခု photo ထိုင်ဝမ်က ဂျပန်ဘာသာစကားကျောင်းသူ ကျူကေဖွန်(ဝဲ) နဲ့ စေတနာ့ဝန်ထမ်း အိကုကို အိနို့အုအဲ (ယာ)