audio
ဂျပန်ရောက်နိုင်ငံခြားသားများအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး (အပိုင်း ၁) တရုတ်နဲ့ ဘရာဇီး
BOSAI
13မိနစ် 43စက္ကန့်

ထုတ်လွှင့်သည့်ရက် ဧပြီလ 29, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မေလ 20, 2021

သဘာဝဘေးအန္တရာယ်ကို ဂျပန်လူမျိုးများသာမက ဂျပန်မှာနေထိုင်ကြတဲ့ နိုင်ငံခြားတိုင်းပြည်က လူတွေလည်း ရင်ဆိုင်ကြရပါတယ်။ ခေးအိုးတက္ကသိုလ်က သုတေသန အဖွဲ့တစ်ဖွဲ့ဟာ လူမှုအသိုက်အဝန်းအမျိုးမျိုးမှာ လက်တွေ့ဖြစ်ပျက်နေတာတွေနဲ့ သူတို့တတွေရဲ့ လိုအပ်ချက်တွေကို အကဲဖြတ်လေ့လာဆန်းစစ်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ၂ ပိုင်းခွဲတင်ဆက်မယ့် အစီအစဉ်မှာ ပထမပိုင်းအဖြစ် တရုတ် နဲ့ ဘရာဇီး လူမှုအသိုက်အဝန်းအတွင်းက အကြောင်းတွေကို တင်ဆက်ပါမယ်။  (၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့က တင်ဆက်ခဲ့တဲ့အစီအစဉ်ဖြစ်ပါတယ်)

photo ဂျပန်မှာနေထိုင်တဲ့ တရုတ်လူမျိုးတွေနဲ့ ဂျပန်လူမျိုးတွေအကြား ဖလှယ်မှုတွေကို အားပေးလုပ်ဆောင်နေတဲ့ တန်ယုကျောင်ကို တက္ကသိုလ်ကျောင်းသားများ တွေ့ဆုံ မေးမြန်းမှုလုပ်နေစဉ်။ photo ဂျပန်လူမျိုးတွေနဲ့ တရုတ်လူမျိုးတွေအကြား ဆက်သွယ်မှုတွေလုပ်ဖို့အတွက် နေရာတစ်ခုကို တိုကျိုမြို့တွင်းက ပန်းခြံတစ်ခုမှာ စနေနေ့တိုင်း ဖွင့်ထားပါတယ်။ photo အီဘာရာကိခရိုင် ဂျိုးစိုးမြို့မှာ ဘေးအန္တရာယ်ဆိုင်ရာလေ့ကျင့်မှုအတွက် သတင်းအချက်အလက်ကို ပေါ်တူဂီနဲ့ တခြားဘာသာစကားတွေနဲ့ ဝန်ဆောင်မှုပေးပါတယ်။ photo လေ့လာမှုတွေပြုလုပ်ခဲ့တဲ့ ဘေးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူ ခေးအိုးတက္ကသိုလ်ပါမောက္ခ ရာဂျစ်ဘ်ရှောရဲ့ ဟောပြောပို့ချမှု