audio
ဘိုးစိုင်း ဝတ္ထုတို - မျှော်လင့်ချက်ဇာတ်လမ်း
BOSAI
14မိနစ် 04စက္ကန့်

ထုတ်လွှင့်သည့်ရက် မတ်လ 11, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မတ်လ 11, 2021

ပစိဖိတ်သမုဒ္ဒရာကို မျက်နှာမူနေတဲ့ တိုစာ့ရှီမိဇု ဆိုတဲ့မြို့က အလယ်တန်းကျောင်းသူ ကျောင်းသားလေးတွေဟာ မဝေးလှတော့တဲ့ အနာဂတ်မှာ သူတို့ရဲ့အရပ်ဒေသတွင်း ရိုက်ခတ်လာနိုင်တဲ့ ဆူနာမီ အကြောင်းကို ဇာတ်လမ်းတွေ ရေးခဲ့ပါတယ်။ အဲဒီမှာ သူတို့ရဲ့ပတ်ဝန်းကျင်မှာနေထိုင်နေတဲ့ သူတို့ကိုယ်တိုင် အဓိကဇာတ်ကောင်အဖြစ် ပါဝင်ပါတယ်။ တခြားဇာတ်ကောင်တွေဟာလည်း တကယ်ရှိနေတဲ့သူတွေ ပဲ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းမှာ အရေးပါတဲ့ လိုအပ်ချက်တစ်ခုက ဇာတ်လမ်းကို မျှော်လင့်ချက်နဲ့ အဆုံးသတ်ရေးပဲ ဖြစ်ပါတယ်။ အဲဒီအစီအစဉ်ဟာ ကျောင်းသားတွေက သဘာဝဘေးရဲ့ အန္တရာယ်ကို နားလည်ရေးနဲ့ အဲဒါကို ကာကွယ်ရေးအတွက် စဉ်းစားရေးကို ဘယ်လိုအထောက်အကူပြုသလဲဆိုတာ ပြသနေပါတယ်။

photo သိပ္ပံပညာရှင်တွေက လာမယ့်နှစ် ၃၀ အတွင်းမှာ ဂျပန်ရဲ့ ပစိဖိတ်ကမ်းခြေရဲ့ ကမ်းလွန်မှာ အင်အားအလွန်ကြီးမားတဲ့ ငလျင်ကြီးဖြစ်ပွားနိုင်ခြေဟာ ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိရှိမယ်လို့ ခန့်မှန်းကြပါတယ်။ တိုစာ့ရှိမိဇုမြို့မှာ ဆူနာမီ ဟာ ၃၄ မီတာအမြင့်အထိ ရောက်လာနိုင်ပါတယ်။ photo ယုအိကာ့ ယာစုဒါ(ဝဲဘက်မှ ဒုတိယ) ၊ သူ့ရဲ့ မိခင် ဆေးကို (အနောက်) နဲ့ ညီအမတွေ ဟာ သူရေးထားတဲ့ ဇာတ်လမ်းကို ဖတ်နေကြပါတယ်။ photo ဆရာတွေနဲ့ ကျောင်းသူကျောင်းသားတွေဟာ ဘိုးစိုင်း ဇာတ်လမ်းတွေအတွက် အတူတကွလုပ်ကိုင်ခဲ့ကြပါတယ်။ photo တိုစာ့ရှီမိဇုမြို့က ရှီမိဇုအလယ်တန်းကျောင်း