
ထုတ်လွှင့်သည့်ရက် မေလ 19, 2020
ကြည့်ရှုနားဆင်နိုင်မည့် နောက်ဆုံးရက် မေလ 26, 2021
ဒီနေ့အစီအစဉ်မှာ ယဉ်ကျေးမှုပေါင်းစုံနဲ့ ဓလေ့ထုံးစံ အမျိုးမျိုးရှိသူတွေကို သဘာဝဘေးအန္တရာယ်တွေကနေ ကာကွယ်စောင့်ရှောက်ရေး နည်းလမ်းတွေကို စဉ်းစားမှာ ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်က ကိုဘေးမှာဖြစ်ပွားခဲ့တဲ့ ဟန်ရှင်းမဟာငလျင်ကြီးကို အစပြုပြီး ဂျပန်မှာနေထိုင်ကြတဲ့နိုင်ငံခြားသားတွေ အတွက် ရေဒီယိုဆက်သွယ်ရေး အဖွဲ့အစည်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဘာသာစကားအမျိုးမျိုးရဲ့ ကိုယ်စားပြုအဖွဲ့အစည်း အသီးသီးကနေ သဘာဝဘေး အန္တရာယ်ကာကွယ်ရေး BOSAI အတွက် လှုပ်ရှားမှုတွေ လုပ်ကိုင်လာခဲ့ပါတယ်။ ကိုဘေးမြို့ကလူတွေ ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ လုပ်ကိုင် လှုပ်ရှားမှုတွေဟာ တူညီတဲ့အခက်အခဲတွေရှိတဲ့ ဂျပန်နိုင်ငံနေရာအနှံ့အပြားမှာ နေထိုင်ကြသူတွေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက လူတွေအတွက်အများကြီးအထောက်အကူဖြစ်စေပါတယ်။
(၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ပါ)


