Alternative food “အစားထိုးစားစရာ”အပြိုင်အဆိုင် တီထွင်လာ

「代替食品‐Daitai Shokuhin」တစ်နည်းအားဖြင့် Alternative food လို့ခေါ်တဲ့ “အစားထိုးစားစရာ” တီထွင်ထုတ်လုပ်ဖို့ အတွက် အပြင်းအထန် အပြိုင်အဆိုင်ကြိုးစား လာနေကြပါတယ်။
အသား ဒါမှမဟုတ် ငါး ရဲ့အရသာ အတိုင်း စားစရာအသစ်တစ်မျိုးဖြစ်‌အောင် တခြားစားစရာတွေ ပစ္စည်းတွေကို သုံးပြီး ဖန်တီးပြုလုပ်လာကြတာပဲ ဖြစ်ပါတယ်။
အစားအစာထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီကြီးတစ်ခုက Plant Based ingredients · အပင်အခြေခံပါဝင်ပစ္စည်းတွေကို သုံးပြီး တူနာငါး Sashimi (ဆာရှိမိ) ငါးအသားလွှာ ပုံစံမျိုး တီထွင်ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီထုတ်ကုန်ကို အခုဧပြီလမှာ ဈေးကွက်တင်ရောင်းချ မှာ ဖြစ်ပါတယ်။