Rafah မြို့ မှာ ဓားစာခံကယ်တင်မှုစစ်ဆင်ရေး ဗီဒီယို အစ္စရေးစစ်တပ် ထုတ်ပြန်

ဂါဇာတောင်ပိုင်းမှာရှိတဲ့ Rafah မြို့မှာ ဓားစာခံနှစ်ဦးကို ကယ်တင်ဖို့စစ်ဆင်ရေးဗီဒီယိုကို အစ္စရေးစစ်တပ်က ထုတ်ပြန်လိုက်ပါတယ်။

အထူးရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်ဟာ အဆောက်အဦတစ်ခုထဲ ဝင်ရောက်စီးနင်းခဲ့တာနဲ့ စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် တခြားအဆောက်အဦတစ်ခု ဗုံးကြဲတိုက်ခိုက်ခံထားရတာတွေကို အဲဒီဗီဒီယိုမှာ ပြသနေပါတယ်။
ညပိုင်း ဝင်ရောက်စီးနင်းမှုအတွင်း ဟားမတ်စ်တို့က ဖမ်းဆီးထားတဲ့ ဓားစာခံအမျိုးသားနှစ်ဦးကို ကယ်တင်နိုင်ခဲ့တယ်ဆိုတာကို အစ္စရေးတပ်ဖွဲ့တွေက တနင်္လာနေ့မှာ ပြောပါတယ်။
ကာတာနိုင်ငံအခြေစိုက် Al Jazeera နဲ့ တခြား သတင်းဌာနတွေက Rafah ဟာ တနင်္လာနေ့ စောစောပိုင်းမှာ လေကြောင်းကနေ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ၊ အမြောက်နဲ့ ပစ်ခတ်တာတွေကို ခံနေခဲ့ရတယ် ဆိုတာ အစီရင်ခံထားပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် လူ ၆၇ ဦး သေဆုံးခဲ့တယ်လို့ ဂါဇာမှာရှိတဲ့ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ဟာ တနင်္လာနေ့မှာပြုလုပ်ခဲ့တဲ့ အဲဒီစစ်ဆင်ရေးမှာပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ကွန်မင်ဒိုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီစီးနင်းမှုဟာ အစ္စရေးနိုင်ငံသမိုင်းမှာ အအောင်မြင်ဆုံးကယ်တင်မှုစစ်ဆင်ရေး ဖြစ်တယ်လို့ သူက ပြောပါတယ်။
လူ ၁ သန်းကျော်ခိုလှုံနေတဲ့ Rafah မှာ မြေပြင်ထိုးစစ် စစ်ဆင်ရေးပြုလုပ်ဖို့ အစ္စရေးဟာ အသင့်ရှိနေပါတယ်။