ပါကစ္စတန် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဟောင်း ကျောထောက်နောက်ခံပြုထားတဲ့ အတိုက်အခံ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေက နေရာအများစုမှာ အနိုင်ရ

ကြာသပတေးနေ့က ပြုလုပ်တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ အကျဉ်းကျနေတဲ့ ၀န်ကြီးချုပ်ဟောင်း Imran Khan ကို ကျောထောက်နောက်ခံပြုထားတဲ့ အတိုက်အခံ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေက အမတ်နေရာ အများဆုံး အနိုင်ရခဲ့တယ်လို့ ပါကစ္စတန် ရွေးကောက်ပွဲ ကော်မရှင်က ပြောလိုက်ပါတယ်။ ဒါပေမဲ့ လွှတ်တော်မှာ အများစု မဲမရခဲ့တဲ့အတွက် အာဏာရပါတီဟာညွန့်ပေါင်းအစိုးရအတွက် ဆွေးနွေးပွဲတွေ စတင်ဖို့ ဖြစ်လာခဲ့ပါတယ်။

မစ္စတာ Khan နဲ့ ဆက်နွယ်နေတဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ တခြားတစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေဟာ တိုက်ရိုက်မဲပေးတာကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အမတ်နေရာ ၂၆၆ နေရာထဲက ၁၀၁ နေရာ အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အမတ်နေရာ ၇၅ နေရာကို ဝန်ကြီးချုပ်ဟောင်း Nawaz Sharif ဦးဆောင်တဲ့အာဏာရ Pakistan Muslim League-Nawaz (PML-N) ပါတီက အနိုင်ရခဲ့တယ်လို့ အဲဒီကော်မရှင်က ပြောပါတယ်။
မစ္စတာ Khan ဟာ လူငယ်မဲပေးသူတွေကြား လူကြိုက်များတဲ့ အတိုက်အခံ ပါတီ Pakistan Tehreek-e-Insaf ( PTI ) ကို ဦးဆောင်နေပါတယ်။ နာမည်ကြီး ခရစ်ကတ် ကစားသမားဟောင်းဟာ အကျင့်ပျက်ခြစားမှုနဲ့ တခြားစွဲချက်တွေနဲ့ ထောင်ကျနေတဲ့အတွက် ရွေးကောက်ပွဲဝင်ဖို့ အရည်အချင်းမပြည့်မီခဲ့ပါဘူး။ သူ့ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေဟာ တသီးပုဂ္ဂလတွေ အဖြစ် ဝင်ရောက် အရွေးခံခဲ့ရပါတယ်။
ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပေမဲ့ တချို့ မဲဆန္ဒနယ်တွေရဲ့ ရွေးကောက်ပွဲရလဒ်တွေ အပြီးသတ်နိုင်ဖို့ အချိန်ပိုယူရလိမ့်မယ်လို့ တွက်ဆရပါတယ်။
PTI နဲ့ ဆက်နွယ်နေတဲ့ ကိုယ်စားလှယ်လောင်း တချို့ဟာ သူတို့ရဲ့ ပြိုင်ဘက်တွေအတွက် အကဲစမ်းတဲ့ အောင်မြင်မှုတွေကို တရားဝင်ကြေညာပြီး သူတို့ရဲ့ စိုးရိမ်မှုတွေဟာ တရားရုံးတွေဆီ ရောက်သွားခဲ့ပါတယ်။ သူတို့ဟာ ရွေးကောက်ပွဲ တာဝန်ရှိသူတွေက ထုတ်ပြန်တဲ့ မဲအရေအတွက်ထက် ပို ရခဲ့တာဖြစ်မယ်လို့ ပြောပါတယ်။ PTI ပါတီကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက်နေပါတယ်။
ရွေးကောက်ပွဲမှာ ဘယ်ပါတီကမှ အမတ်နေရာ အများစု မရရှိခဲ့တဲ့အတွက် ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ လိုအပ်ချက် များလာတယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ Sharif ရဲ့ ပါတီဟာ လက်ရှိမှာ ပါကစ္စတန်ပြည်သူ့ပါတီ ဒါမှမဟုတ် PPP အပါအဝင် တခြားအင်အားစုတွေနဲ့ ညွှန့်ပေါင်းအစိုးရအတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။