အမေရိကန် ကာကွယ်ရေးဝန်ကြီး ဆေးရုံပြန်တက်ရ၊ လုပ်ပိုင်ခွင့်တွေကို လက်ထောက်သို့ လွှဲပေး

အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ဟာ ဆေးရုံထပ်မံတက်ခဲ့ရပြီး သူ့ရဲ့ လုပ်ပိုင်ခွင့်တာဝန်တွေကို ဒုတိယကာကွယ်ရေးဝန်ကြီးဆီ ယာယီလွှဲပြောင်းပေးခဲ့ပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက “ဆီးအိမ်မှာ အရေးပေါ်ပြဿနာရှိတယ်ဆိုတာပြသနေတဲ့ လက္ခဏာတွေ” စစ်ဆေးဖို့ မစ္စတာ Austin ကို ဝါရှင်တန်ဒီစီအနီးမှာရှိတဲ့ စစ်ဆေးရုံတစ်ရုံဆီ ပို့ခဲ့ရတယ်လို့ တနင်္ဂနွေနေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
မစ္စတာ Austin ဟာ ဆေးရုံမှာ ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး သူ့ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် နှစ်နာရီခွဲလောက်အကြာမှာ သူ့ရဲ့ ရုံးလုပ်ငန်းတာဝန်တွေကို လက်ထောက်ကာကွယ်ရေးဝန်ကြီးထံ လွှဲပြောင်းပေးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
မစ္စတာ Austin ဟာ ဒီဇင်ဘာလထဲမှာ ဆီးကြိတ်ကင်ဆာအတွက် ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး နောက်ဆက်တွဲရောဂါတွေကို စစ်ဆေးဖို့ ဇန်နဝါရီလထဲမှာ ဆေးရုံတက်ခဲ့ရပါတယ်။
ခွဲစိတ်မှုနှင့် ဆေးရုံတက်ရမှုတွေကို သမ္မတ Joe Biden ထံ ကြိုတင်အကြောင်းကြားဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အစိုးရရဲ့ စီမံခန့်ခွဲမှုအကျပ်အတည်းအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အခုနောက်ဆုံးဖြစ်ရပ်မှာ မစ္စတာ Austin ဟာ အိမ်ဖြူတော်၊ အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ၊ ကွန်ဂရက်နဲ့ တခြားသူတွေကို သူ့ရဲ့အခြေအနေတွေ အသိပေးခဲ့တယ်လို့ သိရပါတယ်။
အရှေ့အလယ်ပိုင်း၊ ယူကရိန်းနဲ့ တခြားနေရာတွေမှာ လုံခြုံရေးဆိုင်ရာပြဿနာတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ရေးမှာ အမေရိကန်အစိုးရ ကြိုးပမ်းရုန်းကန်နေရတဲ့အကြား မစ္စတာ Austin ဆေးရုံထပ်မံ တက်ရတဲ့အတွက် သူ့ရဲ့ ကျန်းမာရေးအခြေအနေကို အာရုံစိုက်လာနေပါတယ်။